Dangal (2016)


Rating : 8.4/10
Country : India
Genre :  Action, Biography, Drama
Cast :   Aamir Khan, Sakshi Tanwar, Fatima Sana Shaikh
Released Date : 2016
Duration : 2h 41min

အညွှန်း
နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့…….တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်က်ုိ လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး သမီးတွေကိုနပန်းသင်ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့ မနက်၅နာရီကစပြီး သံမဏိစည်းကမ်းတွေနဲ့ လေ့ကျင့်ရေးတွေစပါတော့တယ်။အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေသမှာနေထိုင်ပြီး ရှေးရိုးစွဲအယူတွေကြားမှာ မိန်းကလေးနှစ်ယောက်ကို နပန်းသင်ပေးတယ်ဆိုရတာကတော့ ကောင်းကင်ကကြယ်ကိုဆွတ်ခူးရသလိုပါပဲ။အတိုက်အခိုက်၊ဝေဖန်ရှုံချမှုတွေနဲ့ မနာလိုမှုတွေရှိနေပေမယ့် Mahavir တစ်ယောက်ကတော့ ပတ်ဝန်းကျင်ပြောတာကို ဂရုမစိုက်ပဲ အလုပ်နဲ့သက်သေပြဖို့ကြိုးစားပါတော့တယ်။သမီးနှစ်ယောက်ကတော့ ငယ်ရွယ်သူပီပီ ပျော်ပျော်ပါးပါးနေချင်ပေမယ့် ဖခင်ရဲ့ သံမဏိစည်းကမ်းကတော့ တစ်ပြားမှမလျှော့ပါဘူး။ဒီလိုနဲ့ လေကျင့်လာခဲ့ရာမှ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကိုရောက်လာပါတော့တယ်။မိန်းကလေးနပန်းသမားမရှိတဲ့ ကျေးရွာမှာတော့ နပန်းပြိုင်ပွဲရဲ့ ပြိုင်ဘက်တွေက ယောကျာ်းလေးတွေကြီးပါပဲ။မိန်းကလေးမလို့ ပြိုင်ပွဲဝင်ခွင့်တော်တော်များများမှာ ငြင်းပယ်ခံရပေမယ့် ပထမဆုံးယှဉ်ပြိုင်နိုင်တဲ့ပွဲမှာ ယောကျာ်းလေးပြိုင်ဘက်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး ပြည်နယ်အဆင့်ရောက်ကာ ပြည်နယ်အဆင့်မှာပါ ရွှေတံဆိပ်ဆုရခဲ့ပြီး နိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံရပါတော့တယ်။နိုင်ငံလက်ရွေးစင်ဖြစ်လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ Mahavir အတွက်ကတော့ လေ့ကျင့်ရေးအထောက်အပံ့အပြည့်အစုံရှိတဲ့ မြို့ကြီးမှာ စခန်းသွင်းလေ့ကျင့်လိုတဲ့ သမီးကြီး Geeta ရဲ့ ဆန္ဒကိုလိုက်လျောပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ဖခင်ရဲ့ သံမဏိစည်းကမ်းကနေလွတ်မြောက်ပြီး လွတ်လွတ်လပ်လပ်နေရတဲ့ Geeta အတွက်ကတော့ အရာရာကပျော်ရွှင်ဖွယ်ရာအတိပါ။နည်းပြဆရာအသစ်နဲ့လေ့ကျင့်ရပြီး သူ့အဖေသင်ပေးတာတွေထက်ပိုကောင်းတယ်လို့လည်း မှတ်ယူလာခဲ့ပါတယ်။တစ်ရက်ခွင့်ရလို့ အိမ်အပြန်မှာ သူအဖေ့ရဲ့နည်းစနစ်တွေက ခေတ်နောက်ကြနေပြီး အလုပ်မဖြစ်တော့ဘူးဟုပြောလာသောအခါ သားအဖနှစ်ယောက်မှာ စိတ်ဝမ်းကွဲသွားပါတော့တယ်။ဒါပေမဲ့ Geeta တစ်ယောက်သူ့ဆရာရဲ့နည်းစနစ်တွေအတိုင်း နိုင်ငံတကာပွဲကို သွားရောက်ယှဉ်ပြိုင်ပေမဲ့ ပထမအဆင့်ကနေထွက်ခဲ့ရပါတော့တယ်။သူ့ရဲ့ လက်ရွေးစင်ဘဝကိုလည်း ဆိုးရွားတဲ့ရလဒ်က ခြိမ်းခြောက်လာပါတော့တယ်။နောက်ဆုံးအခွင့်ရေးကတော့ အိန္ဒိယနိိုင်ငံမှာ ကျင်းပတဲ့ 2010 Commonwealth Games မှာ ဆုတံဆိပ်ရယူနိုင်ရေးပါ။ဒီလိုအချိနိမှာ သတိရမိတာကတော့ အဖေဖြစ်သူကိုပါပဲ။အဖေဖြစ်သူကလည်း သမီးဖြစ်သူကို ခွင့်လွှတ်ပေးပြီး ဆုတံဆိပ်ရယူပေးဖို့အတွက် အစွမ်းကုန်ကူညီပါတော့တယ်။သူတို့သားအဖနှစ်ယောက်လုံးမှျှေှာ်လင့်တဲ့ ရွှေတံဆိပ်ဆုက ရယူနိုင်မလား……… ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလည်း…….

0 comments:

Post a Comment