Jai Gangaajal (2016)


Rating : 5.6/10
Country : India
Genre :   Crime, Drama
Cast :    Priyanka Chopra, Prakash Jha, Manav Kaul
Released Date : 2007
Duration : 2h 29min 

အညွှန်း
ကဲဗျာ အခုတလော ဘောလိဝုဒ်တွေတင်တာနည်းတယ်ဆိုပြီးပြောပြောနေကြတဲ့ ပရိတ်သတ်ကြီး အတွက် 2003 ခုနှစ်ကထွက်ရှိထားတဲ့Gangajal ရဲ့ အဆက် ကားကို တင်ဆက်ပေးလိုက်ပါတယ်
ကုလားကားတို့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်ကွက်ကိုကတော့သိပ်ပြီး အမွမ်းတင်ပြီး ညွှန်းနေစရာလိုလောက်ဘူးလို့ထင်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ဘတ်ဘလိုပန်ဒီ နဲ့ ဒတ်ဘလိုပန်ဒီတို့ညီအစ်ကို ၂ယောက်ဟာ ဘီဟာ ပြည်နယ် လက်ခီဆာရီမြို့လေးမှာဗိုလ်ကျနေကြတဲ့ လူမိုက် ညီအစ်ကို ၂ဦးဖြစ်ပါတယ် သူတို့ ၂ယောက်ဟာလျှပ်စစ်ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ဖို့ ငွေ အရင်းမနှီးများထည့်ထားပြီးသူတို့ ရဲ့ အာဏာရပါတီက အခြေအနေမကောင်းတဲ့ အချိန်မှာ လူလည်တို့ထုံးစံလွတ်လမ်းကို ရှာနေကြတဲ့သူတွေပါ ဒီလိုနဲ့ တစ်နေ့မှာ ဒီလို ဒုစရိုက်မှုတွေထူပြောလှတဲ့ နယ်မြို့လေးကို မိန်းမသား ရဲအရာရှိတယောက်ကို အစိုးရကစေလွှတ်လိုက်ပါတယ်ရဲအရာရှိ အဗ်ဟာမတ်သာ တဖြစ်လဲ မင်းသမီး ပရီရန်ကာချိုပရာတယောက်ယောကျာ်းသားတွေနဲ့ အတူတူတန်းတူ တာဝန်ထမ်းဆောင်နိုင်မလားမဖော်ထုပ်နိုင်ခဲ့တဲ့ အမှုတွေကိုလဲ ပြန်လည် ဖော်ထုပ်နိုင်မလားဆိုတာကိုတော့ဆက်လက်ကြည့်ရှူလိုက်ပါတော့နော်ဒီဇာတ်ကားက မိန်းမကို အဓိက ဖိုက်တာတင် ရိုက်ကူးထားတာကြောင့်ပုံမှန် ကြည့်နေကြ ကုလားကားတွေလို ဘုရားသားတွေကိုတော့သိပ်တွေ့ရမှာ မဟုတ်ပါဘူး ဗျ 😛

0 comments:

Post a Comment