Machine Gun Preacher (2011)


Rating : 6.8/10
Country : United State
Genre :  Action, Biography, Crime 
Cast : Gerard Butler, Michelle Monaghan, Michael Shannon 
Released Date : 2011
Duration : 2h 9min

အညွှန်း
နာမည်ကြီးမင်းသားGerard Butler ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ
ဒီဇာတ်ကားလေးဟာ တောင်ဆူဒန် မိဘမဲ့ကလေးတွေကို စောင့်ရှောက်ခဲ့တဲ့အမေရိကန်နိုင်ငံသား Sam Childers ရဲ့ Another Man’s War စာအုပ်ကိုအခြေခံထားတဲ့ ကားလေးလည်း ဖြစ်ပါတယ်…ဇာတ်လမ်းကတော့
Sam ဟာ ဆိုင်ကယ်သမားလူမိုက်ဂိုဏ်ဝင်ဖြစ်ပြီး ပြစ်မှုနဲ့ထောင်ကျပြီး ပြန်လွတ်လာတဲ့အခါသူ့ဇနီး က ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းသွားတာ သိလိုက်ရတဲ့ အတွက် အလွန်ဒေါသထွက်ပြီး သူ့ရဲ့ သူငယ်ချင်း Donnie နဲ့ အ ရင်လို ဆက်မိုက်နေရင်း တစ်ညမှာ လူတစ်ဦး ကို သတ်မိသွားပါတယ်လူသတ်မိသွားတဲ့ဆမ်ဟာ သူ့ဇနီးနဲ့အတူ ဘုရားကျောင်းကို လိုက်သွားပြီး နှစ်ခြင်းကယ်တင်ခြင်းကို ရရှိခဲ့တယ်…နောက်ပိုင်းအချိန်တွေမှာတော့ သူဟာ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ တည်တည်ငြိမ်ငြိမ်လုပ်ကိုင်ခဲ့ပြီးမြောက်ပိုင်းယူဂန်ဒါမှာရှိတဲ့ ဒုက္ခသည် များ၏အိမ်တွေကို ဆောက်လုပ် ဖို့အကြောင်းဖန်လာပါတော့တယ် ...နောက်တော့ SPLAအဖွဲ့ဝင်တစ်ဦးနဲ့ တောင်ဆူဒန် ကို သွားရောက်လေ့လာခဲ့တဲ့အခါမှာတော့အလွန်အမင်း စစ်ဘေး
ဒုက္ခခံနေရတဲ့ လူတွေ အထူးသဖြင့်ကလေးတွေကို တွေ့ပြီး မိဘမဲ့ဂေဟာတစ်ခုကို ဆောက်လုပ်ခဲ့တယ်သူ့ရဲ့နိုင်ငံမှာလည်း သူဟာ ဘုရားကျောင်း တစ်ခုဆောက်လုပ်ခဲ့ပြီးလူတွေကိုတရားဟောနေခဲ့တယ် ဒီလိုနဲ့ တစ်ဖက်မှာတရားဟောဆရာတစ်ဖက်မှာ တောင်ဆူဒန် ကလေးတွေရဲ့ကယ်တင်ရှင်စက်သေနတ်တရားဟောဆရာ(Machine gun preacher)အဖြစ်ကျော်ကြားလာခဲ့ပါတယ်…နောက်ပိုင်းမှာတော့ သူဘယ်လို အခက်အခဲတွေ ကြုံတွေ့ရအုန်းမလဲ ဆိုတာဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုလိုက်ပါအုံး.နောက်ပြီး Sam နဲ့ Donnie သူငယ်ချင်း နှစ်ဦး ရဲ့ မေတ္တာတွေကလည်း သင့်ကို အကြိုက်တွေ့စေမှာပါ

0 comments:

Post a Comment