Free Birds (2013)



Rating : 5.8/10
Country : United State
Genre :  Animation, Adventure, Comedy 
Cast : Woody Harrelson, Owen Wilson, Dan Fogler
Released Date : 2013
Duration : 1h 31min

အညွှန်း
ရက်ဂျီဆိုတာက ကျေးဇူးတုံ့ပြန်နေ့ကို ကြောက်ရွံ့နေတဲ့ ကြက်ဆင်တစ်ကောင်ဖြစ်ပါတယ်

ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြက်ဆင်တွေဟာ အမြဲတမ်း အစားအသောက်စာရင်းထဲမှာပါနေလို့ပါ

အဲ့လိုမဖြစ်ရအောင် သူကကြိုးစားပေမယ့် ဘယ်သူမှကသူ့ကိုမကူညီလို့ သူဟာ အပယ်ခံဖြစ်နေရှာပါတယ်

တစ်နေ့မှာတော့ သူတို့အမျိုးအနွယ်တွေကြောင့် ရက်ဂျီဟာ တစ်ယောက်ထဲစွန့်ပစ်ခံရတဲ့အခါ

သမ္မတရဲ့ သမီးလေးက အလိုရှိတဲ့အတွက် ဘေးမဲ့ကြက်ဆင်တစ်ကောင်ဖြစ်လာပါတယ်

အစပိုင်းမှာကြောက်နေပေမယ့် သူဟာ ပီဇာစားလိုက် တီဗီကြည့်လိုက်နဲ့ပဲ ပျော်မွေ့နေတဲ့ အချိန်မှာ

ဂျိတ်လို့ခေါ်တဲ့ ကြက်ဆင်တွေလွတ်မြောက်ရေးအတွက်ကြိုးပမ်းသူဟာ ရက်ဂျီ့ကို ပြန်ပေးဆွဲပီး

စတီဂ်လို့ခေါ်တဲ့ အာကာသယာဉ်နဲ့ခေါ်သွားပါတယ် သူတို့ဟာ ကျေးဇူးတုံ့ပြန်နေ့ မကျင်းပခင်

သုံးရက်အလို ၁၆၂၁သို့ အချိန်ခရီးသွားပြီး မုဆိုးတွေလက်ကနေကာကွယ်ဖို့ကြိုးစားပါတယ်

အဲ့အချိန်မှာ ရိန်ဂျာနဲ့ဂျန်နီတို့က မုဆိုးတွေကြောင့် ကြက်ဆင်တွေဒုက္ခဖြစ်ရတဲ့အကြောင်းကို

ရှင်းပြပြီး လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါတယ်

တစ်ခါမအောင်မြင်ရင် တစ်ခါအချိန်ခရီးသွားပြီး ထပ်ခါ ထပ်ခါ ကြိုးစားကြတဲ့နောက်မှာ

သူတို့တွေဟာ သူတို့အမျိုးအနွယ် ကြက်ဆင်တွေကို ကယ်တင်နိုင်မလာဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ရမှာပါ

0 comments:

Post a Comment