Rating : 5.3/10
Country : United State
Genre : Comedy
Cast : Grace Fulton, Emily O'Brien, Jackson Hurst
Released Date : 2020
Duration : 1h 20min
Country : United State
Genre : Comedy
Cast : Grace Fulton, Emily O'Brien, Jackson Hurst
Released Date : 2020
Duration : 1h 20min
အညွှန်း
“ကျွန်မက မြေအောက်ကမ္ဘာရဲ့ နတ်ဘုရားမ ဗစ်တိုးရီးယားပါ။ လူတွေကလေ မကောင်းဆိုးရွားတွေဆိုရင်ကို ခံစားချက်မရှိဘူး ထင်နေကြတာ။” နတ်ဘုရားမ ဗစ်တိုးရီးယားက ဟော်လိုဝင်းညတစ်ညမှာ ဒေါက်တာ ဝေါ့ကာဆိုတဲ့ စိတ်ရောဂါ အထူးကုကို သွေးစုပ်ဖုတ်ကောင် ပြောင်းဖို့ စီစဉ်ထားပါတယ်။ ဖြစ်ချင်တော့ သူပြောင်းလိုက်မိတဲ့သူက ဝါလန်စကီဆိုတဲ့အမည်ရတဲ့သူ ဖြစ်နေပါရော။ သူကတော့ နာမည်ဆင်လို့တဲ့ ပြောပါတယ်။ စိတ်ရောဂါကု အထူးကုချင်းလည်း တူတာကိုး။ ဒါပေမဲ့ ဒီလူမှာက အရမ်းချစ်ရတဲ့ ဇနီးသည်နဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ ဇနီးဖြစ်သူက သူ့ခင်ပွန်းသည် သွေးစုပ်ဖုတ်ကောင် ဖြစ်သွားတာကို သိတာနဲ့ နှစ်ယောက်ပေါင်းပြီး သမီးဖြစ်သူကို ဖုံးဖိကြပါတော့တယ်။ ဇနီးဖြစ်သူရဲ့ အစ်ကိုတော်ကတော့ သူ့ယောက်ဖ စားဖို့သောက်ဖို့ သွေးရှာပေးတာပေါ့လေ။ သမီးလုပ်သူမသိအောင် ဖုံးရတာကတစ်မျိုး၊ မကောင်းဆိုးရွားတွေ အိမ်ကိုလာလာပြီး စိတ်ရောဂါတွေ လာကုကြတာက တစ်မျိုးနဲ့ ဘယ်လိုတွေ ဗရုတ်ကျကြသလဲဆိုတာကို မြူးမြူးကြွကြွလေး တင်ဆက်ပြသထားတာကို ကြည့်ရှူရမှာ ဖြစ်ပါတယ်။
0 comments:
Post a Comment