Search Out (2020)



Rating : 5.2/10
Country : Korea
Genre : Thriller 
Cast : Son Byong-ho, Ga-Yoon Heo, Go Jung-il
Released Date : 2020
Duration : 1h 32min

အညွှန်း
မင်းရဲ့အသက်ရှင်ခြင်းအဓိပ္ပါယ်ကဘာလဲ….ဒီစာရောက်လာတာနဲ့ လူတွေကိုယ့်ကိုကိုယ်သတ်သေကုန်ကြတယ်…ဇာတ်လမ်းအစက ရဲအရမ်းဖြစ်ချင်တဲ့ဆောင်းမင်းနဲ့
အလုပ်ရှာနေတဲ့အလုပ်လက်မဲ့ဂျွန်ဟော့…သူတို့နှစ်ယောက်ကညီအကိုအရင်းတွေလိုခင်ကြတယ်…ဆောင်းမင်းကရဲအရမ်းဖြစ်ချင်လို့ရဲစာမေးပွဲ ဝင်ဖြေနေတဲ့သူဂျွန်ဟော့ကတော့အလုပ်လက်မဲ့ ပိုက်ဆံမရှိဆိုပေမယ့်စိတ်ဓါတ်လေးတော့ချမ်းသာတဲ့သူ စိတ်ကောင်းရှိတယ်ပရဟိတဆိုလက်မနှေးဖူး..ကူညီတတ်တယ်…နှစ်ယောက်လုံးက ရည်မှန်းချက်ကိုယ်စီ၊ဖြစ်ချင်တဲ့ဆန္ဒတွေကိုယ်စီရှိကြပေမယ့်လက်တွေ့မှာအကောင်အထည်မဖော်နိုင်သေးဖူး..ဂျွန်ဟော့မှာ ဝါသနာတစ်ခုရှိတယ် ဒါကSNS(ကိုရီးယား Website အင်တာနက်ကွန်ယက်များကိုခေါ်သည့်အခေါ်)စွဲနေတာ..တစ်ခုခုဆို သူကသူများကိုကူညီပြီးရင် အင်တာနက်ပေါ်ကိုဓါတ်ပုံရိုက်ပြီးအမြဲတင်လေ့ရှိတယ်..တရက်မှာတော့သူတို့နဲ့ သိတဲ့ ကောင်မလေးတယောက်ရုတ်တရက်သေဆုံးသွားတဲ့အခါ..ရဲတွေကဒါဟာသာမာန်သေဆုံးမှုတဲ့ ဒါပေမယ့်ဒါကိုလက်မခံနိုင်တဲ့စိတ်ကောင်းရှိတဲ့ ဂျွန်ဟော့နဲ့ ရဲဖြစ်ချင်တဲ့ဆောင်းမင်းကဒီအမှုကိုကိုယ်တိုင်စုံစမ်းဖို့ဖြစ်လာခဲ့တယ်..သူတို့နဲ့အတူ ကွန်ပြူတာကျွမ်းကျင်သူကင်နူရီဆိုတဲ့ကောင်မလေးလည်းပူးပေါင်းပါဝင်လာခဲ့တယ်..ဒီအမှုကဘယ်လိုဆက်ဖြစ်မလဲ..အင်တာနက်ပေါ်ကနေစာတွေပို့ပြီးသတ်နေတဲ့သူကကောဘယ်သူလဲ..လူတွေသေနေတာကကော သွေးရိုးသားရိုးဟုတ်ပါ့မလား..တွေးစရာတွေ၊စိတ်ပညာဆိုင်ရာတွေ၊ဒဿနတွေပါလို့ကြည့်လို့ကောင်းမယ့်ကားတစ်ကားဆိုတာတော့အသေအချာပါပဲ။ကဲ အားလုံးပဲ ဒီကားလေးကိုကြည့်ရင်းအသက်ရှင်ခြင်းအဓိပါ္ပယ်ကိုတွေးပြီး ခံစားကြည့်လိုက်ရအောင်။

0 comments:

Post a Comment