The King of Staten Island (2020)



Rating : 7.2/10
Country : United State
Genre :  Comedy, Drama 
Cast : Pete Davidson, Bel Powley, Ricky Velez 
Released Date : 2020
Duration : 2h 16min

အညွှန်း
ဒီဇာတ်ကားကတော့ ၂၀၂၀ ခုနစ်ထွက် Comedy/Drama ဇာတ်ကားပါ။ Comedy ဆိုတဲ့နေရာမှာ
ခါတိုင်းလို Punch Lines ပေါင်းများစွာနဲ့ သောခနဲ ဝေါခနဲရယ်ရတာမျိုး မဟုတ်ဘဲ ရသတစ်မျိုးကိုပေးစွမ်းနိုင်တာမို့ ကိုယ်တိုင်ပဲ ခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်းကို မပြောခင် Pete Davidson အကြောင်းနည်းနည်းပြောပြချင်ပါတယ်…သူကတော့ Stand up Comedian တစ်ယောက်ပါ ။ Ariana Grande ရဲ့ Ex တစ်ယောက်အနေနဲ့လည်းသိကြမယ်ထင်ပါတယ်။ အခု ဒီ ၂ နာရီကျော်တဲ့ဇာတ်ကားက Pete ရဲ့ autobiography မဟုတ်ပေမယ့်သူ့ရဲ့ ဘဝမှန်ကိုလည်း ထင်ဟပ်နေတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင် တွဲဖက်ဇာတ်ညွှန်းရေးသားထားတယ်လို့လည်း သိရပါတယ် သရုပ်ဆောင်လည်း တော်တော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့၇ နှစ်သားအရွယ်မှာ မီးသတ်သမားဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စကော့ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူက အဲဒါကို အကြောင်းပြပြီး အသက် ၂၄ နှစ်အထိ မိခင်မုဆိုးမအိမ်မှာ ကပ်နေပြီး ဘာအလုပ်မှမယ်မယ်ရရမလုပ်ပဲ တစ်ချိန်လုံး weed သောက်ရင်း ဘဝကို ရေစုန်မျောနေသူပေါ့။ တစ်နေ့မှာတော့သူ ဆတ်ဆော့လိုက်တဲ့ကိစ္စတစ်ခုအရင်းပြုပြီး သူ့အမေ နောက်ရည်းစားရသွားပါတော့တယ်။ အဲဒါကိုသဘောမကျတဲ့ စကော့ဟာ သူ့အမေကို ရည်းစားနဲ့ လမ်းမခွဲခွဲအောင် ကြိုးစားတော့တာပါပဲ။ဒါပေမဲ့ ကိစ္စတွေက သူထင်သလိုဖြစ်လာပါ့မလားဆိုတာကတော့….IMDB 7.2 အထိ ရရှိထားပြီး Worth to watch ပါလို့ညွှန်းလိုက်ပါတယ်နော် . . .

0 comments:

Post a Comment