The Final Conflict (1981)



Rating : 5.6/10
Country : United State
Genre :  Horror
Cast : Sam Neill, Rossano Brazzi, Don Gordon 
Released Date : 1981
Duration : 1h 48min

အညွှန်း
ဒါကတော့ The Omen ရဲ့ တတိယမြောက်ကားလေးပါ။ 1981 မှာ ထွက်ရှိခဲ့တဲ့ horror, cult flim အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

တတိယကားဖြစ်တဲ့ ဒီကားမှာတော့ Thorn လုပ်ငန်းစုကြီးကို ဆက်ခံလာခဲ့တဲ့ Thorn က စီးပွားရေးတောင့်တင်းကာ နေရာတကာမှာ သြဇာရှိလာပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ်လို့ယူဆရတဲ့ ဗြိတိန်ရဲ့ သံအမတ်ကြီးနေရာကိုတာဝန်ယူဖို့ ဖြစ်လာပါတော့တယ်။

အသက် 32သာရှိသေးပေမဲ့ သံအမတ်ကြီးဖြစ်လာတဲ့ Damien Thorn ဟာ သူ့သြဇာအာဏာတွေရှိလာပေမဲ့ ဘုရားသခင်ရဲ့ ကျမ်းစာထဲမှာဟောထားတဲ့ ဒုတိယလာခြင်းအကြောင်းကိုသိရှိပြီး ထိုကလေးကိုရှာဖွေဖို့ကြိုးစားရပါတော့တယ်။

တစ်ဖက်မှာလဲ ခရစ်တော်ကိုဆန့်ကျင်သူကိုသတ်ချင်နေတဲ့ ဖာသာ DeCarlo တို့အဖွဲ့အစည်းကလည်း ဒုတိယလာခြင်း ကလေးငယ်ကိုရှာဖွေခြင်း Damien ကိုသတ်ဖို့ကြိုးစားကြပါတော့တယ်။

ဒီအပိုင်းမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒုတိယလာခြင်းရောက်လာတာနဲ့အမျှ Damien Thorn ဟာ အားနည်းလာပြီး သူ့ကိုဘယ်လိုအနိုင်ယူဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး

0 comments:

Post a Comment