The Hill of Wind (2019)



Rating : 5.6/10
Country : Korea
Genre :  Drama
Cast : Hae-Geum Jang, Sun Jang, Eun-Kyeong Jeong
Released Date : 2019
Duration : 1h 47min

အညွှန်း
ယောင်းဘွန်းဆိုတဲ့အဒေါ်ကြီးကငယ်စဉ်ကကွဲကွာသွားတဲ့သမီးကိုရှာတာကနေစပါတယ်။သူသမီးကိုရှာဖို့အလုပ်လုပ်လက်စ နေရာကနေစွန့်ခွာလာပြီး
သူဇာတိမြေကိုပြန်လာခဲ့ပါတယ်။ဇာတိမြေရောက်တဲ့အခါမှာ သူသမီးကိုမတွေ့သေးပဲ မထင်မှတ်ပဲသူစုံစမ်းရထားတဲ့ နေရာက အားကစားစင်တာတစ်ခုဖြစ်နေပါတယ်။အဒေါ်ကြီးလည်းပေါက်တဲ့နဖူး မထူးတော့ဖူးဆိုပြီး ရောက်လာလက်စနဲ့အဲ့အားကစားခန်းမကိုညဖက်ကြီး ဝင်ကြည့်ရင်းအဲ့သင်တန်းကဆရာမလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးလာခဲ့ပါတယ်။သင်တန်းဆရာမကသဘောကောင်းပေမယ့်ပြောရရင်သူဖွင့်ထားတဲ့အားကစားခန်းမက သိပ်ပြီးအဆင်မပြေရှာပါဖူး။ဒါကိုခင်မင်ရင်းစွဲလည်းရှိ သားသမီးချင်း ကိုယ်ချင်းစာနာမိတဲ့အဒေါ်ကြီးက ကူညီဖို့ဖြစ်လာပါတယ်။ကျန်တာဘယ်လိုဆက်ဖြစ်မယ်။သမီးပျောက်ရှာနေတဲ့ အဒေါ်ကြီးကောသူသမီးနဲ့ဆုံတွေ့နိုင်ပါမလား။သူသမီးကကော ရှိသေးရဲ့လားဆိုတာကို ဇာတ်လမ်းကိုပဲကိုယ်တိုင်ကြည့်ပြီးခံစားပေးပါ။အမေနဲ့သမီးကြားက ၅၂၈ မေတ္တာဘွဲ့ကိုလှလှပပဖော်ကျူးထားတာခံစားကြရမှာပဲဖြစ်ပါတယ်။

0 comments:

Post a Comment