Axone (2019)



Rating : 7.2/10
Country : India
Genre :  Drama, Comedy
Cast : Sayani Gupta, Lin Laishram, Tenzing Dalha
Released Date : 2019
Duration : 1h 36min

အညွှန်း
ဒီဇာတ်ကားလေးကပရိတ်သတ်ကြီးကိုတခြားဇာတ်ကားတွေနဲ့မတူဘဲ ရသတစ်မျိုးပေးမယ့်ဇာတ်ကားလေးပါ

သူတစ်ပါးတိုင်းပြည်မှာလူမျိုးနိုင်ငံမတူတဲ့သူတွေစုနေရင်းတွေ့ကြုံရတဲ့အခက်အခဲတွေ ဖြစ်စဥ်တွေကိုရိုက်ကူးထားတဲ့အိန္ဒိယဇာတ်ကားလေးပါ

ဇာတ်လမ်းအကျဥ်း ဒယ်ဟိုင်းမြို့ကစည်းကမ်းတင်းကျပ်တဲ့အဆောင်တစ်ခုမှာ အခြားနိုင်ငံကသူငယ်ချင်းတွေစုနေရင်း သူတို့ထဲကမီနမ်ဆိုတဲ့ကောင်မလေးကိုအိမ်မှာပဲမင်္ဂလာပွဲလုပ်ပေးဖို့တစ်ရက်အတွင်းစီစဥ်ကြပါတယ်

သူတို့က အိန္ဒိယနိုင်ငံမှာမစားတဲ့ သူတို့ဒေသအစားအစာဖြစ်တဲ့ နံတဲ့အစားအသောက်တွေချက်ပြုတ်ဖို့ကြံစည်ကြပါတယ်

သူတို့ချက်ပြုတ်လို့ဘေးအိမ်ရောအိမ်ရှင်ကပါ သူတို့ကိုအိမ်ကနေ နှင်ထုတ်ကြပါတယ်

အဲ့လိုနဲ့သူတို့မင်္ဂလာဆောင်လေးတစ်ခုပြုလုပ်ရင်းကြုံတွေရတဲ့အခက်အခဲမျိုးစုံကိုဘယ်လိုဖြေရှင်းကြမလဲ

မင်္ဂလာဆောင်ကလဲတစ်ရက်အတွင်းစီစဥ်နေတော့သူတို့အချိန်မှီပါ့မလား မင်္ဂလာဆောင်လေးကရောပြည့်ပြည့်စုံစုံနဲ့အောင်မြင်စွာပြီးသွားမလားဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုခံစားလို့ရပါတယ်

0 comments:

Post a Comment