Luangda Mahaheng (2019)

Rating : 
Country : Thai
Genre :  Comedy
Cast : 
Released Date : 2019
Duration : 1h 29min

ဇာတ်လမ်းလေးကတော့ခုပ်အီရွှေဆိုတဲ့ရွာလေးတစ်ရွာက ကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ ဇာတ်လမ်းလေးကိုအခြေတည်ထားပါတယ် ။လူတွေရဲ့ဘဝဆိုတာ မနေ့ကရယ် ဒီနေ့ရယ် မနက်ဖြန်ရယ် ၃ရက်ပဲရှိတယ်ဆိုတဲ့စကားကိုလက်ကိုင်ထားတဲ့ ဆရာတော်မှာ
မွေးစားသားလိုစောင့်ရှောက်ပေးရတဲ့ကပ္ပိယ ၃ယောက်ရှိတယ်…
တွန့်ကလ ၊ လုန် ၊ စငုပ်ဒုက္ခိတအိုက်တွန့်ကဒုက္ခိတပေမယ့် ထီလက်မှတ်လှည့်ရောင်းရင်းဆရာတော်နဲ့ကူပြီးနေတယ် ။
အိုက်စငုပ်ကတော့ရိုးသားပြီးသနားတတ်ကြတဲ့ရွာသားတွေကို သနားအောင်မျက်မမြင်ယောင်ဆောင်ပြီးထီလှည့်ရောင်းတယ် ၊ရွာသားတွေမှာလဲချဲ၂လုံး ၃လုံးကို အသဲအသန်ထိုးကြတဲ့အကျင့်လေးတွေလဲရှိကြတယ် ၊
ဒီလိုနဲ့ရွာသားတွေဟာ ဆရာတော်က ချဲဂဏန်းပေးတဲ့ဘုန်းကြီးတစ်ပါးမဟုတ်တာတောင်
ဆရာတော်ရဲ့နှုတ်ထွက်စကားအပြုအမူတွေတိုင်းမှာ ချဲဂဏန်းပေးပါတယ်ဟေ့ဆိုပြီးဂဏန်းကောက်ကြတယ်
ရွာလုံးကျွတ်ထိုးကြတယ်
ထိုးတိုင်းလဲပေါက်ကြတော့ဆရာတော်ဟာဘုမသိဘမသိ ချဲဘုန်းဘုန်းရယ်လို့ဖြစ်လာခဲ့ပါတော့တယ် ။
တစ်ရွာလုံးကချဲဘုန်းဘုန်းနောက်လိုက်ဂဏန်းကောက်ကြ ပေါက်လို့ပျော်ကြပေမယ့်
ရဲနဲ့စစ်သား သားတွေမွေးထားတဲ့ချဲဒိုင်မိန်းမနှစ်ယောက်ကတော့ ချဲဘုန်းကြီးဂဏန်းဆိုအရှုံးပေါ်လွန်းလို့ ချဲထွက်တဲ့နေ့တိုင်း ဆရာတော်ကိုမျက်မုန်းကျိုးမေတ္တာတွေပို့နေခဲ့ကြတဲ့နောက် ….ဆရာတော်မရှိတော့ရင်ကောင်းမယ်ဆိုပြီး အတွေးတွေဝင်ပြီးဆရာတော်ကိုဘယ်လိုပုံစံဘယ်လို နှောင့်ယှက်ကြဦးမလဲဆိုတာတွေကို ဟာသနှောပြီးရိုက်ကူးထားပါတယ် ။Comedy movie လေးဖြစ်ပြီး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလဲ ဟာသကားတွေထဲသရုပ်ဆောင်နေကြသူတွေပဲမို့ မရယ်ရမှာတော့စိတ်ပူမနေပါနဲ့တော့ ….ထိုင်းဟာသကားကြိုက်တဲ့သူတွေအတွက်ဒီကားက လက်မလွှတ်သင့်တဲ့ movie လေးပါပဲ ။

0 comments:

Post a Comment