Karan Arjun (1995)



Rating : 6.8/10
Country : India
Genre :  Action, Drama, Fantasy 
Cast : Rakhee Gulzar, Salman Khan, Shah Rukh Khan
Released Date : 1995
Duration : 2h 55min 

အညွှန်း
ဒူရ်ဂါဆင်းဂ် (Raakhee) ဟာ ဆင်းရဲနုံချာလှတဲ့ အမျိုးသမီးကြီးပေမဲ့ တည်ငြိမ်ရိုးသားပြီး ၊ ကရန်(ဆယ်လ်မားန်) နဲ့ အာဂျွန်(ရှာရွတ်) ဆိုတဲ့ သားနှစ်ယောက်ကို လူလားမြောက်ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တဲ့ အာဂ မုဆိုးမအမျိုးသမီးကြီးပါ ။ တစ်နေ့မှာ သူမရဲ့ ယောက္ခထီး (Thakur) ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်ကြောင်း လူတစ်ယောက်က သူမကို လာရောက်အကြောင်းကြားတာကို သားနှစ်ယောက်ကြားသိသွားခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် က Thakur ဟာ သားတို့ရဲ့ဘိုးဘိုးဖြစ်ကြောင်း နဲ့ သူမခင်ပွန်း ဟာ သူ့ဖေဖေ (နယ်မြေဧကများစွာတို့ရဲ့ အရှင်သခင် သူဌေးကြီး) သဘောမတူတဲ့ကြားက သူမကို လက်ထပ်ခဲ့လို့ သူမတို့ကို အမွေပြတ်စွန့်လွှတ်ခဲ့တာ ဖြစ်ကြောင်း ၊ ခု သူ( Thakur) မဆုံးခင်မှာ သူ့ရဲ့မြေးနှစ်ယောက်ကို အမွေလွှဲပေးချင်လို့ လာခေါ်တာဖြစ်ကြောင်း သားနှစ်ယောက်ကို ဖွင့်ပြောပြခဲ့တယ် ။

ဒူရ်ဂျန်း(Amrish Puri) ဟာ Thakur ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက် ။ သူက Thakur ရဲ့ နယ်မြေများစွားနဲ့ တစ်သက်စားမကုန်တဲ့ အမွေတွေကို တစ်ယောက်တည်း မောင်ပိုင်စီးလိုမှုနဲ့လောဘ ရမ္မက်မီးတောက်နေသူ ။ ဒူရ်ဂျန်းဟာ မြေးနှစ်ယောက်အလာကို မျှော်နေရှာတဲ့ Thakur ကို ဒီစည်းစိမ်းအာဏာတွေကို သူလိုချင်လွန်းလို့ Thakurရဲ့သား (ကရန်-အာရ်ဂျွန်ရဲ့ဖေဖေ) ကိုလွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူကိုယ်တိုင် သတ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ပြောပြီး ၊ Thakur ကိုလဲ သတ်ခဲ့တယ် ။ ဒါ့အပြင် ရောက်ရှိလာခဲ့တဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ ကရန် - အာရ်ဂျွန် ညီအစ်ကိုကိုလဲ ဒူရ်ဂျန်း နဲ့ အဖွဲ့က သူ့မေမေမုဆိုးမကြီး ဒူရ်ဂါဆင်းဂ် ရှေ့မှာ ရက်ရက်စက်စက် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ် ။ အသည်းနှလုံးအိမ်တစ်စစီ ကြွေခဲ့ရတဲ့ ဒူရ်ဂါဆင်းဂ် ဟာ ဒီအဖြစ်ကို လုံးဝ မခံမရပ်နိုင်ခံစားရရှာပြီး ၊ ကာလီမယ်တော်ကို တိုင်တည်သစ္စာပြုကာ သူ့ရဲ့သားနှစ်ယောက် လု့လောကကို ပြန်လည်မွေးဖွားလာပြီး ၊ ဒီလိုလူမဆန်တဲ့သစ္စာမဲ့တဲ့ လူယုတ်မာတွေကို ကလဲ့စားခြေသုတ်သင်နိုင်ပါစေကြောင်း ကျိန်ဆိုခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် ရဲ့ ကျိန်စာတွေ အယုတ်တမာမှူအပေါင်း သရဖူဆောင်းထားတဲ့ ဒူရ်ဂျန်းကို သင့်ပါ့မလား ။ ကရန်-အာရ်ဂျွန် ညီအစ်ကိုကရော လူ့လောကကို တစ်ဖန်ပြန်လည်ဝင်စားမွေးဖွာ့းပါ့ဦးမလား ဆိုတာ ဆက်ကြည့်လိုက်နော် ။ လုံးဝကို အကြမ်းကြီးနော် 

0 comments:

Post a Comment