Galipatam (2014)



Rating : 5.7/10
Country : India
Genre :  Drama 
Cast : Aadi, Kristina Akheeva, Erica Fernandes
Released Date : 2014
Duration : 2h 15min

အညွှန်း
ကြင်စဦးဇနီးမောင်နှံနှစ်ယောက်အလုပ်မှာအောင်ပွဲခံရင်း ပျော်ပွဲစားတစ်ခုကို ထွက်လာခဲ့ကြတယ်။
ချစ်စကြင်စဆိုတဲ့အတိုင်း တစ်ဦးကိုတစ်ဦးကျီစယ်စနောက်ရင်း သာယာတဲ့ညခင်းတစ်
ခုကိုဖြတ်သန်းနေချိန်မှာပဲ မထင်မှတ်ဘဲဆိုသလို သူတို့နှစ်ဦးကိုဝင်ရောက်နှောင့်ယှက်လာခဲ့တဲ့သူကတော့
သူတို့ရဲ့အတ္တနဲ့ကိုယ့်ကိုကိုယ်အထင်ကြီးမှုပါပဲ။ အဲ့ဒီညနေခင်းလေးက သူတို့ကို စကားနိုင်လု
စကားများရန်ဖြစ်စေခဲ့တယ်။ အိမ်ကိုညတွင်းချင်းပြန်ရောက်လာတဲ့အခါမှာတော့ နှစ်ဦးသား
အချစ်ဟောင်းတွေကို ပြန်လည်သတိရရင်း ကွာရှင်းပြတ်စဲဖို့လုပ်လာပါတော့တယ်။ လူငယ်
ပီပီအိမ်ထောင်ရေးအသိမရှိခြင်း ခေတ်ရဲ့တိုက်စားမှုအကြား မိသားစုနဲ့ အချစ်ရေး
နှစ်ဖက်မိဘတွေရဲ့ယုံကြည်မှု စတာတွေကို သူတို့ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ သူတို့ဖြစ်ချင်
တဲ့ဆန္ဒတွေကော အထမြောက်ပါ့မလား သူတို့ချစ်တဲ့သူတွေဆီပြန်သွားနိုင်ပါ့မလား
အချစ်နဲ့အိမ်ထောင်ရေးကြား ဒွိဟဗြာများပုံကို မြင်သာအောင်ရိုက်ပြထားတဲ့ အိမ်
ထောင်ရေးကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment