The Jungle Book (2016)

Rating : 7.4/10
Country : United State
Genre :  Adventure, Drama, Family 
Cast :  Neel Sethi, Bill Murray, Ben Kingsley
Released Date : 2016
Duration :  1h 46min

ngle Book ဟာ Rudyard Kipling ရဲ့ နာမည်ကျော်စာအုပ်နဲ့ 1967 ကထွက်ခဲ့တဲ့ နာမည်ကျော် Jungle Book ကာတွန်းကားတို့ကို လူနဲ့ Visual effect တွေသုံးပြီး အသက်ပြန်သွင်းထားတာဖြစ်ပါတယ်။ Jungle Book ရဲ့ ဇာတ်လမ်းကိုတော့ ပိတ်သတ်ကြီးက သိပြီးသားမို့လို့ အထွေအထူးတော့ ပြောပြစရာမရှိပါဘူး။ ဆိုတော့ ရိုက်ထားတဲ့အကြောင်း အရင်ပြောပါ့မယ်။Iron Man ဒါရိုက်တာ Jon Favreau ရဲ့လက်ရာဖြစ်တဲ့ Jungle Book ဟာ ဒီနှစ်ရဲ့ အကောင်းဆုံံးကားတွေထဲမှာပါပါတယ်။ တော်တော်များများအတွက်လည်း အကောင်းဆုံးဆိုတဲ့ကားဖြစ်နေမယ်ထင်ပါတယ်။ ဇာတ်လမ်းစစချင်း Jungle Book ဆိုတဲ့စာတန်းထိုးကတည်းက ဇာတ်လမ်းဆုံးတဲ့အထိ ကြည့်နေသူကို တောကြီးမျက်မည်းထဲရောက်သွားသလိုဖြစ်အောင် လုပ်ထားနိုင်ပါတယ်။ Cinematography ကိုလည်း အရမ်းသဘောကျပါတယ်။ Mowgli နဲ့ eye-level လောက်မှာပဲ အများဆုံးရှိပြီး ရိုက်ထားတဲ့အတွက် ကိုယ်ဟာ သူ့နေရာမရောက်ရင်တောင် သူဘယ်လိုမြင်နေခံစားနေရသလဲဆိုတာ ခံစားရတယ်။ Overhead shot တွေဆို မပါသလောက်ပါပဲ။ နောက် အခန်းတစ်ခန်းမှာဆို တော်ရုံလူ ငိုချင်စိတ်ပေါက်အောင် feel တွေပေးပါသေးတယ်။ကလေးကလွဲလို့ အားလုံးနီးပါး CGI တွေချည်းဆိုပေမဲ့ ဘယ်ဟာအတုမှန်း ခွဲမရလောက်အောင် CGI နဲ့ Animation တွေက ကောင်းလွန်းအားကြီးပါတယ်။ Animation မှာတော့ Disney ကို လုံးဝလက်လန်တယ်လို့ ပြောချင်ပါတယ်။ တိရိစ္ဆာန်တွေကို animation တွေသုံးပြီးဆွဲ၊ စကားပြောခိုင်း သရုပ်ဆောင်ခိုင်းတာ တော်ရုံလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူတို့ရဲ့ လှုပ်ပုံရှားပုံတွေ ဟန်ပန်အမူအရာတွေ အကုန်လုံးတူအောင် လိုက်လုပ်ဖို့ဆိုပိုဆိုး။ JB မှာတော့ အားလုံးက perfect လို့ပြောလို့ရအောင် အသက်ဝင်လွန်းပါတယ်။ နောက် သူတို့ပြချင်တဲ့ အကြောင်းကို သေချာပြနိုင်တာ သဘောကျတယ်။ ဥပမာ ကြီးကျယ်မြင့်မြတ်လှတဲ့ ဆင်တွေဆိုရင် မြင်ကတည်းက အဲလိုပုံစံကို မပြောဘဲလဲ ခံစားရတယ်။ အသံနဲ့သရုပ်ဆောင်ထားတဲ့ Bill Murray, Ben Kingsley, Idris Elba တို့ကလည်း အသံနဲ့ ဇာတ်ကောင်၊ စကားပြောတာ လိုက်လွန်းအားကြီးတယ်။ Cast အရွေးတော်တယ်။ Mowgli လုပ်တဲ့ Neel Sethi လည်း တော်တော်လေး အပင်ပမ်းခံထားပါတယ်။ တစ်ချက်တစ်ချက် စကားပြောတာနည်းနည်း ဟာနေတာလေးရှိတာကလွဲလို့ တော်တော်လေး သရုပ်ဆောင်ကောင်းတယ်ဗျ။
J

0 comments:

Post a Comment