Nobody Knows (2020)

16 Episodes

Rating : 8.9/10
Country : South Korean
Genre : Mystery,Drama,Detective,Investigation
Cast : Kim Seo Hyung,Park Hoon,Ahn Ji Ho,Ryu Deok Hwan

မတ်လ (၂)ရက် ၂၀၂၀ မှာ ထုတ်လွှင့်ခဲ့တဲ့ မှုခင်းစုံထောက် ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒရာမာပေါင်းများစွာမှာ အောင်မြင်ပြီးသားအပြင် Sky Castle (2018) မှာ ပါဝင်ခဲ့ပြီး (၂)နှစ်အကြာ ယခုဇာတ်လမ်းတွဲ Nobody Knows မှာ ပြန်လည်မြင်တွေ ့ရမယ့် မင်းသမီး Kim Seo-hyung နဲ့ Faith, Ms.Hummurabi အစရှိတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသား Ryu Deik-hwan နဲ့ Memories of the Alhambra ထဲမှာ အသေနိုင်ပဲ Hyun Bin လေးလိုက်သတ်နေတဲ့ ဂိမ်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Hoon နဲ့ မင်းသားငယ်လေး Ahn Ji-ho တို့ ပါဝင်ထားပြီး ဒီမင်းသား AhnJi-ho လေးအတွက် သူရဲ့ပထမဆုံး ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ အပိုင်းအရေအတွက် (၁၆)ပိုင်း ပါဝင်မှာဖြစ်သလို SBS ရုပ်သံကနေ အပတ်စဉ် တနင်္လာနေ့ နှင့် အင်္ဂါနေ့များ ထုတ်လွှင့်ပြသလျက်ရှိတဲ့ Ongoing စီးရီးပဲဖြစ်ပါတယ်။

0 comments:

Post a Comment