Thappad (2020)

Rating : 7.1/10
Country : United State
Genre : Drama
Cast : Taapsee Pannu, Pavail Gulati, Ratna Pathak Shah
Released Date : 2020
Duration : 2h 22min

Q – ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲA – သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ – ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့
ဘာလဲ သူ့မိသားစုကြောင့်လား
A – ဟင့်အင်းQ – သူ ညီမအပေါ် ဖေါက်ပြန်နေလို့လားA – ဟင့်အင်းQ – ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လားA – ဟင့်အင်းQ – လိင်မှုကိစ္စကြောင့်လားA – ဟင့်အင်းQ – ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ်
ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ၁၀၀ နဲ့ တစ်ယောက်တည်းဖိုက်လို့ စိတ်ပျက်နေတဲ့သူတွေ … ဒီကားကိုကြည့်ပါBollywood ကားကြည့်ချင်ပေမယ့် ၁၀ မိနစ်တစ်ခါ သီချင်းဆိုပြီး က,ခုန်နေတာကို စိတ်ပျက်နေတယ်ဆိုတဲ့သူတွေ … ဒီကားကိုကြည့်ပါBollywood ကား ကြည့်ချင်ပေမယ့် အိုဗာဒရာမာခင်းတာတွေကို စိတ်ပျက်နေတဲ့သူတွေ … ဒီကားကိုကြည့်ပါဒီကားထဲမှာ မင်းသား ငယ်ငယ်ချောချောမပါ,ပါဘူး  မင်းသမီးလည်း အချောကြီးမဟုတ် (ကျွန်တော့်အတွက်တော့ အချစ်ဆုံး :P)
ဘာဖိုက်တင်မှလည်းမပါဘူးခင်ဗျား ဘာကြည့်ရမှာလဲ relationship နဲ့ပတ်သတ်တဲ့ ရပိုင်ခွင့်တွေ ခင်ဗျားသိရမယ်RS ဆိုတဲ့အထဲမှာ အိမ်ထောင်ရေး၊ သမီးရည်းစားရေး ဆက်ဆံရေးအားလုံးပါဝင်ပတ်သတ်နေပါတယ်ဒီလိုပြဿနာတွေကို ထိထိမိမိတင်ဆက်ပြနိုင်တဲ့ ဒါရိုက်တာကြီး Anubhav Sinha ကငါယောက်ျားပါကွလို့လက်မထောင်နေတဲ့သူတွေကို ဒီဇာတ်ကားနဲ့ ပါးပိတ်ရိုက်လိုက်သလိုပါပဲMulk (2018), Article 15 (2019) တို့ကိုကြည့်ဖူးရင်ဒီဒါရိုက်တာရဲ့အရည်အချင်းကို သိကြမှာပါဇာတ်လမ်းကောင်း/မကောင်းကတော့ နိုင်ငံတကာ အရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါတော့ပေးရတဲ့အချိန် အကျိုးရှိစေရမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။

0 comments:

Post a Comment