Punch (2014)

19 Episodes

Rating : 8.4/10
Country : South Korean
Genre : Thriller,Drama,Political
Cast : Kim Rae Won,Kim Ah Joong,Jo Jae Hyun

ဒီတခါ စစ်တို ့ မတ်မတ်တို ့အသဲကျော်လေး အိုပါး Kim Rae-won ပါတဲ ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မိန်းမကလေးများရဲ ့အသဲကို သိမ်းပိုက်ခဲ့တဲ ့သူကြီးကို Political,Thriller Dramaအမျိူးစားဖြစ်တာကြောင့် Doctor,Black Knightထဲက သူ့ပုံစံလေးကို မေ့ထားဖို့အရင်ပြောပါရစေ...
မင်းသမီးကတော့ Live Up to Your Name (ဒေါက်တာသမားတော်)ထဲက Kim Ah-joong ပဲဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့.........
ဂျောင်ဟွမ်းက ဗဟိုတရားရုံးချူပ်ရှေ့နေများရုံးမှာ အကျင့်ပျက်ခြစားမှုစုံစမ်းရေးအဖွဲ ့ရဲ ့ အကြီးအကဲတစ်ယောက်ဖြစ်ပေမဲ ့သူ ့နေရာရဖို ့ ရာထူးရဖို့တွက် မမှန်မကန်လုပ်ရပ်တွေနဲ ့ အကျင့်ပျက်နေတဲ ့ သူပေါ့......
ဟာဂေါင်က သမီးလေးတယောက်ရှိပီး ဂျောင်ဟွမ်းနဲ ့ ကွာရှင်းထားတဲ့မိန်းမ..သူမက ဆိုးလ်ခရိုင်ရုံးရဲ ့စုံစမ်​း​ရေးမှူး သူ့ယောကျာ်းနဲ ့ဆန့်ကျင်ဖက်ပဲ မှန်ကန်ဖြောင့်မတ်တဲ ့စုံစမ်​း​ရေးမှူး......ဂျောင်ဟွမ်းနဲ ့ အမှုတခုမှာ ရင်ဆိုင်တွေ ့ကြရင်း အမှတ်မထင် ဂျောင်ဟွမ်းမှာ ဦးနှောက်အကျိတ်ကင်ဆာနဲ ့၆လပဲနေခွင့်ရတော့မယ်လို့သိလိုက်ရတဲ ့အခါ ဟာဂေါင်တစ်ယောက် ဘာတွေဆက်လုပ်မလဲ ဂျောင်ဟွမ်းကရောဘာတွေဖြစ်ပျက်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမဲ ့ကားအပြင် ratingလဲတော်တော်ကောင်းတဲ ့ဇာတ်လမ်းဖြစ်ပါတယ်။ အပိုင်းအရေအတွက်အနေနဲ ့ (၁၉)ပိုင်း ပါဝင်ပါတယ်...

0 comments:

Post a Comment