Ponmagal Vandhal (2020)

Rating : 7.2/10
Country : India
Genre :  Drama, Thriller
Cast : Jyotika, Parthiban, Bhagyaraj 
Released Date : 2020
Duration : 2h

IMDb မှာ rating 7.4 တောင်ရထားတာပါ

Ponmagal Vandhal ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးဖြစ်ပါတယ် Drama/Thriller အမျိုးအစားဇာတ်ကားလေးဖြစ်တာကြောင့် စိတ်ဝင်တစား စီးမြောကြည့်ရှူရမှာပါ

ကလေးတွေကိုပြန်ပေးဆွဲပြီးသတ်ဖြတ်ခဲ့မှုကြောင့် Jothi ဆိုတဲ့အမျိုးသမီးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပေမယ့် ပြန်ပြီးခုခံတာကြောင့် ပစ်ခတ်ခဲ့ရပါတယ်

အိန္ဒိယတစ်ပြည်လုံး အုတ်ကြော်သောင်းနင်းဖြစ်ခဲ့တဲ့ ဒီအမှုဟာဒီလိုနဲ့ပိတ်သွားခဲ့ရပါတယ်

ဒါပေမယ့် အမှုပိတ်ပြီး ၁၅ နှစ်အကြာမှာတော့ ဒီအမှုကိုပြန်လည်စစ်ဆေးဖို့ အသနားခံစာတင်တဲ့သူရှိလာတဲ့အခါ အမှုကိုပြန်ပြီးစစ်ဆေးခဲ့ကြပါတယ်

အိန္ဒိယပြည်သူတွေကတော့ ထပ်ပြီးရုတ်ရုတ်သဲသဲဖြစ်ကြပြန်တာပေါ့

တရားခွင်မှာ သူကိုင်တွယ်ရမယ့်ပထမဆုံးအမှုဟာ လူစိတ်ဝင်စားခံရတဲ့အမှုဖြစ်တဲ့အတွက် သတိကြီးကြီးထားပြီးကိုင်တွယ်နေရတဲ့ ရှေ့နေမလေးဟာ တရားရုံးမှာ ဟာကွက်တွေကို ချက်ကျကျ ထောက်ပြနိုင်ခဲ့ပါတယ်

မထင်မှတ်ဘဲ သူ့ရဲ့ပြိုင်ဘက်ရှေ့နေဟာနာမည်ကြီးရှေ့နေတစ်ယောက်အဖြစ် ပြောင်းလဲသွားတဲ့အခါ ရှေ့နေမလေးတစ်ယောက် ဘယ်လိုဆက်ပြီးရင်ဆိုင်သွားမလဲဆိုတာကြည့်ရှူရမှာပါ

အမှုကိုပြန်လည်စစ်ဆေးဖို့တောင်းဆိုခဲ့တာကြောင့် ပြည်သူတွေရဲ့အပြစ်တင်မှုကိုခံနေရတဲ့ ရှေ့နေမလေးဟာ

ဘာကြောင့်ဒီအမှုကိုပြန်လည်ဖွင့်ဖို့တောင်းဆိုခဲ့တာဘာလဲ

ဟာကွက်တွေများစွာနဲ့ဖန်တီးထားတဲ့ဒီအမှုရဲ့နောက်ကွယ်မှာ ရှိနေတဲ့သူကို သူရင်ဆိုင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှူရမယ့်အပြင်

မိခင်မေတ္တာကိုပါအပြည့်အဝခံစားရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်

0 comments:

Post a Comment