Rating : 6.1/10
Country : Korea
Genre : Comedy
Cast : Mu-Yeol Kim, Moon-hee Na, Mi-ran Ra
Released Date : 2020
Duration : 1h 17min

နာမည်ကျော် ဘရာဇီးဇာတ်ကား O.Candidato Honesto ကို remake ပြန်လည် ရိုက်ကူးထားတဲ့ Korean movie လေးပါ။
Reply 1988 ထဲက နာမည်ကြီး မင်းသမီးကြီး Ra Mi Ran အပါအဝင် ပရိတ်သတ်တွေ မစိမ်းလှတဲ့ Kim Mu Yeol, Kyeong-ho Yoon, Oh Joo Wan, Na Monn-hee နဲ့ Jamg Dong Joo အစရှိတဲ့ သရုပ်ဆောင် များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ပထမဦးစွာ George Orwell ရဲ့ စကားလေးကို ပြန်လည် ပြောပြပေးပါရစေ။
နိုင်ငံရေးသမားတွေရဲ့ ဘာသာစကားဟာ အလိမ်အညာတွေကို ယုံလာအောင် လူသတ်မှုကို လေးစားစရာလုပ်ရပ်ဖြစ်အောင် ပြောဖို့ ဖန်တီးထားတဲ့ ဘာသာစကားပါတဲ့။
ပြောရရင်တော့ နိုင်ငံရေးသမားဟာ အလိမ်အညာ နည်းနည်းတော့ စွက်ပြီး ပြောရတယ်ပေါ့။
ဒီကားလေးမှာ ဂျူဆန်ဆုဟာ နာမည်ကြီး နိုင်ငံရေးသမားပါ။ သူမဟာ မြို့အတွက် လေးကြိမ်မြောက် ထပ်မံအရွေးခံရဖို့ ကြိုးစားနေသူပေါ့။
လူအများအမြင်မှာ ရိုးသားပြီး နူးညံ့သော၊ အဖွားဖြစ်သူရဲ့ တွန်းအားတွေကြောင့် နိုင်ငံရေးလုပ်ခဲ့သော နိုင်ငံရေးသမားပါ။
လူတွေ မသိတာကတော့ သူမနှုတ်က ထွက်သမျှစကားတိုင်းဟာ မဲရဖို့ပြောတဲ့ စကားတွေပါပဲ။ စိတ်ရင်းမဟုတ်ခဲ့ဘူးပေါ့။
သာမာန်တိုက်ခန်းလေးမှာ နေနေတယ်လို့ ညာပြီး တိုက်ခန်းနောက်ပေါက်ကနေ ကြီးကျယ်ခမ်းနားတဲ့ အိမ်ကို ပြန်တာတွေ၊ ညစာကို တကယ့်ဟိုတယ်ကြီးမှာ သုံးဆောင်နေသလို စားကြတာတွေက တကယ့်ကိုရယ်ရလွန်းပြီးတရားကျရပါတယ်။
ယောက်ျားဖြစ်သူ ဝတ်ထားတဲ့ gucci အိင်္ကျီ၊ အိမ်ထဲက ခေတ်မီလွန်းတဲ့ အသုံးအဆောင်တွေက အသက်ပါပဲ။
တစ်ရက်မှာတော့ သူမဟာ ရုတ်တရက်ဆိုသလို အလိမ်အညာစကားတွေပြောလို့မရတော့ပါဘူး။ စိတ်ထဲရှိတဲ့စကားတွေပဲ ဆက်တိုက်ဆိုသလိုထွက်လာတဲ့ အခါ ရက်နီးနေပြီဖြစ်တဲ့ ရွေးကောက်ပွဲ၊ ပြုပြင်လို့မရတဲ့ စကားတွေကြောင့် ဂျူဆန်ဆုတစ်ယောက် သူမရဲ့လက်ထောက်နဲ့ အတူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်သွားကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။
ရယ်မောဖွယ် ရသအပြင်၊ မေတ္တာတွေ တာဝန်တွေ ပါ ရောစွက်ထားတဲ့ ကားလေးလို့ ကြည့်ရတာ အင်မတန်ကောင်းမယ်လို့ အာမခံလိုက်ပါတယ်။

0 comments:
Post a Comment