Rating : 6.3/10
Country : United State
Genre : Adventure, Comedy
Cast : Kal Penn, John Cho, Neil Patrick Harris
Released Date : 2011
Duration : 1h 30min
Country : United State
Genre : Adventure, Comedy
Cast : Kal Penn, John Cho, Neil Patrick Harris
Released Date : 2011
Duration : 1h 30min
Harold and Kumar ရဲ့ တတိယမြောက်ကားလေးကို Extended Version နဲ့တင်ဆက်ပေးလိုက်ပါတယ်။ Extended Version မို့ အရင်ကကြည့်ဖူးတာထက် ဟိုအခန်းဒီအခန်းတွေမှာ မပါတာတွေပါ ထပ်ပါလာပါတယ်။ ကဲပါ….ဒါလေးကတော့ တဝါးဝါးတဟားဟားနဲ့ရယ်ရမယ့် ဟာရိုးနဲ့ကူမာတို့ရဲ့ သုံးကားမြောက်လေးပေါ့။ ဒီကားမှာတော့ ဟာရိုးနဲ့ကူမာတို့ ဂွမ်တန်နာမိုစွန့်စားခန်းပြီးလို့ ခြောက်နှစ်တောင်ကြာသွားပြီး ဟာရိုးနဲ့ကူမာလည်း စကားမပြောဖြစ်တာ နှစ်နှစ်တောင်ရှိသွားပါပြီ။ ဟာရိုးလည်း မိန်းမရပြီးလို့ ဆေးလိပ်ဖြတ်လိုက်ရုံမက အလုပ်အကိုင်ပါ အတည်တကျဖြစ်သွားပါပြီ။ ဒါပေမယ့် ကူမာကတော့ ဆေးချလိုက် ဟိုဒင်းချလိုက်နဲ့ အမြဲတမ်းပေပွနေတဲ့အခန်းထဲမှာ လုံးချာပတ်လည်နေတုန်းပါပဲ။တစ်နေ့မှာဟာရိုးမိန်းမရဲ့ အဖေနဲ့အမျိုးဖြစ်သူတွေ ခရစ္စမတ်ကာလ လာလည်ကြရင်း ဟာရိုးအိမ်ကို ခရစ္စမတ်သစ်ပင်တစ်ပင်ပါ ယူလာခဲ့ပါတယ်။အဲဒီသစ်ပင်ကလည်း ဟာရိုးယောက္ခထီးကိုယ်တိုင်စိုက်ပျိုးထားတဲ့ သစ်ပင်မလို့ ဟာရိုးက လက်ရှောင်ထားရတာပေါ့။ ဒီလိုနဲ့ ခရစ္စမတ်မရောက်ခင် တစ်နေ့မှာ ကူမာဆီကို ဟာရိုးနာမည်နဲ့ ပါဆယ်တစ်ထုပ်ရောက်လာပြီး ကူမာက ဟာရိုးဆီကို အထုပ်သွားပို့ရာကနေ ဟာရိုးယောက္ခမရဲ့ ခရစ္စမတ်အပင်ကို မတော်တဆမီးရှို့မိသွားလို့ အပင်ကိုအစားထိုးဖို့ နှစ်ယောက်သားပြန်ပေါင်းစည်းမိသွားပါတော့တယ်။ ကဲ ဟာရိုးနဲ့ ကူမာ ပြန်ပေါင်းမိသွားပြီဆိုမှတော့ ကြည့်မယ်ဆိုရင် သေးအရင်ကြိုပေါက်ထားကြပေါ့နော်။…. (တစ်ခုသတိပေးစရာရှိတာက ဒီကားလေးက စကားအသုံးအနှုန်းတွေကြမ်းတဲ့အပြင် တချို့အခန်းတွေမှာလည်း ကွင်းကွင်းကွက်ကွက်တွေရှိတာမို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါဘူးနော်) ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေသား။

0 comments:
Post a Comment