Dorian Gray (2009)

Rating : 6.3/10
Country : United State
Genre :  Drama, Fantasy, Thriller 
Cast : Ben Barnes, Colin Firth, Rebecca Hall
Released Date : 2009
Duration : 1h 52min

 ဘယ်တော့မှ မအို၊မနာ၊မသေတဲ့ဆေး ဆိုတာလောကမှာ တကယ်ရှိရဲ့လား။ တကယ်လို့ရှိခဲ့ရင် သင်ရော ဒီဆေးကိုအသုံးပြုချင်ပါသလား။

Dorian Gray လို့နာမည်ရတဲ့ ဒီဇာတ်ကားလေးကတော့ 1890 တုန်းကထွက်ခဲ့တဲ့ The Picture of Dorian Gray ဆိုတဲ့ ရင်လှိုက်သဲဖိုဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာ Dorian Gray ဆိုတဲ့ အဘိုးရဲ့အမွေတွေကိုဆက်ခံဖို့ အင်္ဂလန်ကိုတက်လာတဲ့ ရိုးသားတဲ့လူငယ်လေးတစ်ဦးရဲ့ ဘဝအချိုးအကွေ့တွေနဲ့ မိတ်ဆွေအပေါင်းအသင်းကြောင့် ပင်ကိုယ်စရိုက်လက္ခဏာတွေပါ ပြောင်းလဲသွားတတ်ကြောင်းတွေကို အတွေးထဲစွဲကျန်နေအောင် တင်ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့…
Gray ဟာ အင်္ဂလန်က အိမ်တော်ကြီးကို ရောက်လာပြီးမကြာခင်မှာ မိတ်ဆွေအသစ်တစ်ဦးက ပုံတူကားချပ်တစ်ချပ် ရေးဆွဲလက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီပုံတူပန်းချီကားချပ်ကြီးဟာ Gray နဲ့ချွပ်စွပ်တူရုံမက သေသေချာချာစိုက်ကြည့်ရင် အသက်ဝင်နေသယောင်ပါ ထင်မှတ်မှားစေတဲ့အထိဖြစ်စေပါတယ်။ အစပိုင်းမှာတော့ သာမန်ပန်းချီကားအနေနဲ့သာရှိနေခဲ့ပေမယ့် Gray တစ်ခုခုထိခိုက်အနာတရဖြစ်ပြီးတိုင်း အနာဖြစ်တဲ့နေရာကနေ ပန်းချီကားပေါ်မှာ အဲဒီအနာလိုမျိုးပြန်ပေါ်လာပြီးရင် Gray ဟာ ပကတိအကောင်းအတိုင်းပြန်ဖြစ်သွားလေ့ရှိပါတယ်။ ခဏခဏနဲ့ ဖြစ်ဖန်များလာတော့ Gray ဟာသတိထားမိပြီး ပန်းချီကားချပ်လေးက သူ့အနာတွေ၊ သူလုပ်တဲ့မကောင်းမှုတွေနဲ့ အိုမင်းရင့်ရော်ခြင်းတွေကို ယူငင်ပေးနေတဲ့ မသေဆေးကြီးဖြစ်ကြောင်းသိသွားတဲ့အခါမှာတော့…..
ဇာတ်လမ်းဟာ အနည်းငယ်ခြောက်ခြားဖွယ်ဆန်ပြီး အတွေးပေါင်းများစွာကိုပေးနိုင်တဲ့အပြင် ဂန္တဝင်မြောက်တဲ့အငွေ့အသက်တွေလည်း ရစေပါတယ်။
ဒါ့အပြင် တချို့ဇာတ်ဝင်ခန်းတွေဟာလည်း မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်စရာ ရှိနေတာကိုလည်း သတိချပ်စေချင်ပါတယ်။

0 comments:

Post a Comment