Adventures of Rufus: The Fantastic Pet (2020)

Rating : 4.1/10
Country : United State
Genre :  Adventure, Family
Cast : Leah N.H. Philpott, Kyler Charles Beck, Erin Herring
Released Date : 2020
Duration : 1h 22min

 စကော့ဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်း အမ်မလီတို့ရဲ့ စွန့်စားခန်းလေးတစ်ခု ဖြစ်ပါတယ်။

စကော့ရဲ့ အဖွားနေတဲ့ အိမ်ကြီးကို သူငယ်ချင်းနှစ်ယောက် အလည်သွားနေဖြစ်ကြတယ်။

အိမ်ကြီးက အခန်းတွေအများကြီးရှိပေမယ့် စကော့အဖွားက တချို့အခန်းတွေကို သော့ခတ်ထားတယ်။ညဘက်ဆိုရင် အခန်းတစ်ခုကနေ အသံတွေကြားနေရတတ်တယ်။

ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် စူးစမ်းကြည့်ရာကနေ ရူဖတ်စ်လို့ခေါ်တဲ့ ထူးဆန်းတဲ့အကောင်လေးကို တွေ့ခဲ့ကြတယ်။

ရူဖတ်စ်က တခြားကမ္ဘာကလာတာဖြစ်ပြီး သူ့ကမ္ဘာကို ကယ်တင်ဖို့ အကူအညီတောင်းတဲ့အခါ စကော့၊အမ်မလီ၊ရူဖတ်စ်နဲ့ မှော်ဆရာ အက်ဘော့အပါအဝင် စွန့်စားခန်းထွက်ကြတယ်။

သူတို့ခရီးလမ်း ချောချောမွေ့မွေ့ ဖြစ်ပါ့မလား? စကော့အဖွားအိမ်မှာ လုပ်နေတဲ့ အလုပ်သမားတွေကရော သာမန်ပဲလား?

စကော့တို့နဲ့ ဘာတွေ ပက်သက်နေသလဲ? စကော့တို့အုပ်စု ဘာအခက်အခဲတွေ ကြုံတွေ့ပြီး ဘယ်လိုဖြေရှင်းသွားလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားလေးပါ။

Family type ဖြစ်တဲ့အတွက် တစ်မိသားစုလုံး ကြည့်လို့ရပါတယ်။

0 comments:

Post a Comment