What are the Odds? (2019)

Rating : 5.5/10
Country : India
Genre :  Drama
Cast : Yashaswini Dayama, Karanvir Malhotra, Abhay Deol
Released Date : 2019
Duration : 1h 32min

 ထူးဆန်းတဲ့အိန္ဒိယကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ထူးဆန်းတယ်ဆိုတာမှ ဇာတ်လမ်းနာမည်ကအစ ဘာတွေများထူးဆန်းလို့ပါလဲတဲ့။ ဇာတ်လမ်းအကြောင်း ညွှန်းရမယ်ဆိုရင် ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ ထူးဆန်းတဲ့တစ်နေ့တာအကြောင်းကို ရိုက်ပြထားတာပါ။

ဒရမ်မာကားဆိုပေမဲ့ အရမ်းရိုပြတာတွေမပါဘူး။ အရမ်းကိုရိုးရှင်းစွာနဲ့ အရှိကိုအရှိတိုင်းရိုက်ပြထားပေမဲ့ တစ်မူထူးခြားနေတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်ကားလေးက ရီစရာတွေမောစရာတွေပါသလို ဆယ်ကျော်သက်တို့သဘာ၀ကို ပညာသားပါပါရိုက်ပြထားတာပါ။ ဆယ်ကျော်သက်အရွယ်မှာ စိတ်ရူးပေါက်ပြီး တစ်နေ့တာတွေလုပ်ချင်တာ‌တွေလုပ်ပြီး ကုန်ဆုံးဖို့မျှော်လင့်ခဲ့ကြတဲ့ သူတို့နှစ်ဦး ဘာတွေကြုံတွေ့ကြမလဲ။ ဖြတ်သန်းရင်း ဘာတွေသင်ယူခွင့်ရကြမလဲ သူတို့တွေ့ဆုံခဲ့တဲ့ တစ်နေ့တာကုန်ဆုံးပြီးရင် ရောဘာတွေဆက်ဖြစ်မလဲ စတာတွေကို ရယ်မောရင်းကြည့်ရှုရမှာဖြစ်ပါတယ်။

0 comments:

Post a Comment