Plus Nine Boys(2014)

14 Episodes

Rating : 7.9/10
Country : South Korean
Genre : Romance,Family
Cast : Kim Young Kwang,Oh Jung Se,Yook Sung Jae,Choi Ro Woon,Kyung Soo Jin 

Kim Young-kwang,Yook Sung-jae,Oh Jung-se,Choi Ro-woon တို့ အဓိသရုပ်ဆောင်ထားပြီး အဓိက မင်းသမီးသရုပ်ဆောင်မပါတာတော့တော်တော်လေးထူးခြားလို့နေပါပြီ။ အပိုင်း(၁၄)ပိုင်း ပါဝင်ပါတယ်။

လူလေးယောက် အသက်အရွ့ယ်လေးခု

(၉)နှစ်အရွယ်ကလေး - ကြော်ငြာတွေနဲ့အောင်မြင်နေတဲ့ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်သလိုရုပ်ရှင်အတွက် audtion ဝင်ရာမှာတော့ ကျရှံးခဲ့တယ်။ ပြီးတော့ ကလေးဆိုပေမယ့်လည်း
သူတို့ရဲ့အချစ်ရေး အရှပ်တော်ပုံရှိနေပြန်တယ်။ (ခင်ဗျားတို့အသက်(၉)နှစ်အရွယ်မှာ ဘာလုပ်နေပြီလဲ)

(၁၉)နှစ်အရွယ်ဆယ်ကျော်သက် - ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့ရည်မှန်းချက်က ဂျိူဒို scholarship ရဖို့
ဒါပေမဲ့လည်း ကျရှံးခဲ့တယ်။ (ခင်ဗျားတို့ရော ဆယ်ကျော်သက်မှာ ကျရှုံးခြင်းဆိုတာ ခံစားဖူးလား)

(၂၉)နှစ်အရွယ်လူငယ် - ခရီးသွား tour agency တစ်ယောက်ဖြစ်တယ်။ အလုပ်မှတော်တယ်။ မိန်းကလေးတွေကြားရေပန်းစားတယ်။
ဒါပေမဲ့ ပထမဆုံးအချစ်ရေးမှာပဲ ကျရှုံးခဲ့တယ်။ (လူတိုင်း အချစ်အတွက် တစ်ကြိမ်တော့ ကျရှုံးဖူးတယ်မလား)

(၃၉)နှစ်အရွယ်သက်လတ်ပိုင်း - PD တစ်ယာက်ကလည်းရာထူးကပြုတ်ပြီး အရည်အသွေးနိမ့်တဲ့ အစီစဉ်တစ်ခုကိုပြောင်းရွေ ့ခံရတယ်။
မကြာခဏဆိုသလို သူ့exအကြောင်းကို စဉ်းစားနေတတ်တယ်။မထင်မှတ်ပဲ သူ့ex ပြန်ဆုံတွေ့တဲ့အခါမှာတော့ single motherဖြစ်လို့နေတယ်။

သူ့exမှာ သား(၃)ယောက်ရှိလို့နေတယ်။ တခြားတော့မဟုတ်ဘူး (၉)နှစ် (၁၉)နှစ် (၂၉)နှစ် (၃)ယောက်ပဲ။
ဒီတော့ အချစ်တွေနဲ့ကျရှုံးမှုတွေကြား ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ။ ဟာသလေးတွေ မိသားစုအကြောင်းတွေနဲ့

ကျွန်တော်တို့ရော အဲ့အရွယ်တွေမှာ ဘာဖြစ်နေမှာလဲဆိုတာတွေးတောရင်း အပန်းဖြေလိုက်ကြပါ။

0 comments:

Post a Comment