Persona (2019)

4 Episodes

Rating : 7.2/10
Country : South Korean
Genre : Romance,Drama
Cast : IU

IU ဟာဆိုရင် အခု Persona ဆိုတဲ့ ဒီ short film ရဲ့ အပိုင်း ၄ ပိုင်းမှာ
တစ်ပိုင်းချင်းစီ မတူညီတဲ့ ဇာတ်ကောင်ပုံစံတွေနဲ့ ရိုက်ကူးထားပါတယ်
အပိုင်း ၁ Love set ဆိုတဲ့ အပိုင်းခွဲလေးမှာဆိုရင်
IU က တင်းနစ်ကစားသမားဖြစ်တဲ့ သူ့အဖေရဲ့ ချစ်သူကို မုန်းနေပြီး
သူ့အဖေနဲ့ လက်ထပ်မှာကို မလိုလားတဲ့အတွက်
အလောင်းအစားလုပ်ကာ တင်းနစ်ရိုက်ပြိုင်တဲ့ IU ရဲ့
စိတ်အားထက်သန်မှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတာ တွေ့မြင်ရမှာပါ

အပိုင်း ၂ collector မှာတော့
IU က လျို့ဝှက်ဆန်းကြယ်ပြီး လျို့ဝှက်ချက်များတဲ့ မိန်းကလေး
ယောက်ျားလေးတွေရဲ့ အသည်းကို လှည့်စားတတ်တဲ့
ကောင်မလေးအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်

အပိုင်း ၃ kiss burn မှာတော့
IU ဟာ ဆိုးသွမ်းတဲ့ ခပ်ဆိုးဆိုးကောင်မလေးပုံစံသရုပ်ဆောင်ထားပေမဲ့
သူငယ်ချင်းစိတ်ဓာတ်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်
သူ့သူငယ်ချင်းအတွက် လက်စားချေပေးချင်စိတ်အပြည့်ရှိသူပေါ့
ဘယ်လိုလက်စားချေမလဲဆိုတာတော့....စောင့်ကြည့်လိုက်ပေါ့နော်

အပိုင်း ၄ Walking at night
ချစ်သူဟောင်းရဲ့ အိမ်မက်ထဲကို အလည်လာပြီး
လက်တွေ့ဘဝမှာ ပြောပြလို့မဖြစ်တဲ့ စကားတွေနဲ့
သူသေဆုံးရတဲ့အကြောင်းရင်း ပြောပြတဲ့
သနားစရာကောင်မလေးနေရာကနေ သရုပ်ဆောင်ထားပါတယ်
အိမ်မက်နဲ့ သေဆုံးခြင်းဆိုတာ အချိန်တန်ရင်
အမေ့ခံဖြစ်သွားမှာပဲဆိုပြီး ကြေကွဲနေတဲ့ ကောင်မလေးအကြောင်းပါ

0 comments:

Post a Comment