Night of Life (2016)

20 Episodes

Rating : 7.0/10
Country : South Korean
Genre : Business,Drama,Political
Cast : Lee Yo Won,Jin Goo,Uee

ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းစုကြီးတစ်ခုကို အမွေဆက်ခံရမယ့်
သမီးဖြစ်သူ Seo Yi Kyung (ဆိုးရီယောင်း)
အတိုက်အခိုက်တွေ အခက်အခဲတွေအများကြီးကြားကနေ သူမ ဘယ်လိုရင်
ဆိုင်ဖြတ်ကျော်မလဲဆိုတဲ့အတွေးတွေနဲ့တစ်ချိန်က သူမရဲ့ဝါသနာနဲ့ချစ်သူကိုတောင်စွန့်လွှတ်ခဲ့ရပြီး
စည်းကမ်းကြီးတဲ့ဖခင်ကြောင့် သူမရဲ့ဘဝကိုပုံစံပြောင်းကာလောကကြီးကိုစိမ်ခေါ်ခဲ့ပါတယ်။

၁၂ နှစ်ကြာပြီးနောက် သူမရဲ့ချစ်သူ Park Gun Woo (ပတ်ဂန်ဝူး)နဲ့ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပေမယ့်
လုပ်ငန်းပြိုင်ဘက်အဖြစ်ချစ်သူနှစ်ယောက်ကြားမှာ ငွေနဲ့ အင်အားကိုယှဉ်ပြိုင်ရင်းမာနကိုယ်စီနဲ့
အနာဂါတ်ကိုရှေ့ဆက်ခဲ့ကြပါတယ်။

သူတို့ကြားကိုဝင်ရောက်လာမယ့် Lee Se Jin(လီဆယ်ဂျင်)ဆိုတဲ့ ရိုးသားပြီး မိသားစုအတွက်
ငွေရမယ်ဆိုရင်ဘာမဆိုလုပ်တဲ့ ကောင်မလေးတစ်ယောက် နောက်ဆုံးမှာတော့ . . .
ရီယောင်းနဲ့ဆယ်ဂျင်တို့နှစ်ယောက်အောင်မြင်မှုနဲ့အချစ်အတွက် စိမ်ခေါ်ရင်း ဘယ်သူ?
အနိုင်ရသွားမလဲဆိုတာကိုတော့ . . .

အချစ်ဇာတ်လမ်းဖျော်ဖြေရေးသက်သက်မဟုတ်ပဲလူ့ဘဝရဲ့ အချိုးအကွေ့ လက်တွေ့ဆန်ဆန်
တွေးခေါ်မှုရသတွေကိုပါ ရနိုင်မယ့် ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်ပေးပါလို့
ပရိသတ်ကြီးကို တိုက်တွန်းလိုက်ပါရစေနော် 

0 comments:

Post a Comment