Mrs.Cop 2 (2016)

20 Episodes

Rating : 7.6/10
Country : South Korean
Genre : Mystery,Drama,Detective,Investigation
Cast : Kim Sung Ryung,Kim Min Jong,Kim Bum

ချွဲယောင်ဂျင်း အလုပ်မှ အနားယူသွားပြီးနောက် နယူးယောက်ခ် F.B.I Science မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂိုယွန်းဂျောင်းဟာ တောင်ကိုရီးယားကို ပြန်ရောက်လာပြီး ချွဲယောင်းဂျင်းရဲ့နေရာကို တာဝန်ယူဖို့ ရောက်လာခဲ့ပါတယ်။ နယူးယောက်ခ်မှ ကိုရီးယားသို့ပြန်လာလာချင်း မထင်မှတ်ဘဲ တရားခံနဲ့ တိုက်မိပြီး အဲဒီတရားခံကို မရရအောင် နောက်ကလိုက်ပြီး ဖမ်းခဲ့တဲ့ ဂိုယွန်းဂျောင်း။ သူမ အမျိုးသား အရှိန်အဝါနဲ့ အဖွဲ့မှူးဖြစ်လာတယ်လို့ ထင်မှတ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေ၊ တခြားဌာနက ဝန်ထမ်းတွေကတော့ သူမကို သဘောမကျကြပါဘူး။ အဖွဲ့အသစ်တစ်ခု ဖွဲ့ဖို့ အဖွဲ့ဝင်တွေ လိုအပ်နေတဲ့ သူမအတွက်တော့ အခက်တွေ့စရာပါ။ နောက်ပိုင်းမှာ တကယ်အားကိုးရတဲ့ သူမတူတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ အဖွဲ့သားတွေ ဘယ်လို ရောက်လာပြီး သူတို့အတူ ပူးပေါင်းပြီးတော့ ရာဇဝတ်မှုှုတွေကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

0 comments:

Post a Comment