Misaeng (2014)

20 Episodes

Rating : 8.8/10
Country : South Korean
Genre : Friedship,Business,Life,Drama
Cast : Im Shi Wan,Lee Sung Min,Kang So Ra,Kang Ha Neul,Byun Yo Han,Kim Dae Myung

နာမည်ကြီး webtoon ကိုပြန်လည်ရိုက်ကူးထားတဲ့ Life dramaကားကောင်းလေးပဲဖြစ်ပါတယ် Old But Gold လို့ဆိုရလောက်တဲ့အပြင် ဆုကြီး8ဆုကားလေးဖြစ်တာမို့ နယ်နယ်ရရတော့မဟုတ်ပါဘူး နိုင်ငံတကာက remake များပြန်လည်ရိုက်ကူးကြပြီး 2020မှာ သုံးဘဝသုံးကမ႓ာမင်းသား ရဲ့ဟွား ရဲ့ Chinese remake လေးကိုလဲကြည့်ရတော့မှာပါ အဓိကသရုပ်ဆောင်များအနေနဲ့ကတော့ Triangle,The King in Love အပြင် တလောကမှ ပြသွားတဲ့ Strangers From Hell ထဲက မင်းသားချော Im Shi Wan, မင်းသားကြီး Lee Sung Min, Doctor Stranger,Dream High 2, Revolutionary Love ထဲကမင်းသမီးချော Kang So Ra, Moon lovers,When Camelia Bloomsထဲက အပြုံးမင်းသားလေး Kang Ha Neulအပြင် Six Flying Dragons,Mr Sunshine ထဲက မင်းသား Byun Yo Han တို့ကအဓိကပါဝင်ထားကြပါတယ် >>> ဇာတ်လမ်းအကျဉ်း <<< ` baduk ´ go game တစ်ခုထဲကိုသာ သိပြီး တစ်ဘဝလုံး ရူးသွပ်လာတဲ့ နိုင်ငံအဆင့် လက်ရွေးဆင်ကစားသမား ဂျန်ဂူရယ် သူငယ်တန်းကနေ အထက်တန်းအထိ ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ခဲ့တဲ့သူ သူ့အိမ်မက်က နိုင်ငံတကာအဆင့်ထိတက်ပြီး professionalကစားသမားဖြစ်ဖို့ရည်မှန်းထားတဲ့သူ သူ့အိမ်မက်လေး အထက်တန်းအရောက်မှာပျက်စီးသွားတယ် အဖေဖြစ်သူက အိပ်ရာထဲလဲသွားပြီး ခင်ပွန်းမှီခိုနေရတဲ့ဘာမှမလုပ်တတ်တဲ့အမေကြောင့် ကျောင်းပြီးဖို့အတွက် အချိန်ပိုင်းတွေ ဝင်လုပ်ရင်း ကျောင်းဆက်တက်ခဲ့ရတယ် အလုပ်တဖက်မို့ ပြိုင်ပွဲတွေကိုအားသိပ်မထည့်နိုင်ဘဲဖြစ်ခဲ့ရတယ် ဒီလိုနဲ့အထက်တန်းအောင်ပြီး တက္ကသိုလ် ပထမနှစ်ဝက် ပြိုင်ပွဲကြီး တစ်ပတ်အလိုမှာ သူ့အဖေဆုံးသွားခဲ့တယ် အဖေစိတ်ကြောင့် ပြိုင်ပွဲရှုံးလေတော့ ဒီကစားနည်းကိုစိတ်နာပြီး စွန့်လွှတ်ဖို့သူဆုံးဖြတ်ခဲ့တယ် နဂိုက ကစားသမားမို့ ကျောင်းစာသိပ်မလုပ်ခဲ့ရတဲ့သူ့အဖို့ ကျောင်းစာတွေကိုမလိုက်နိုင်ဘဲ ကျောင်းထွက်လိုက်ရတယ် အဲ့အချိန်ကစကာ အချိန်ပိုင်းအလုပ်ပေါင်းစုံလုပ်ပြီး အမေဖြစ်သူကို လုပ်ကျွေးခဲ့ရတယ် တနေ့မှာ အသိတယောက်ကြောင့် နာမည်ကြီးcompanyတစ်ခုမှာ အလုပ်သင်လုပ်ဖို့ဖြစ်လာခဲ့တယ် ဒီလို company မှာအလုပ်ရဖို့သိပ်ကိုခက်ခဲလွန်းတယ် နာမည်ကြီး တက္ကသိုလ်က ဘွဲ့ရပြီး ဘာသာစကား 3မျူ ိးလောက်ကျွမ်းကျင်စွာပြောတတ်ရမယ့်အပြင် intreview အကြိမ်ကြိမ်စစ်ပြီး အလုပ်သင်အဖြစ်လုပ်ကြရတယ် Company မှာအလုပ်စလုပ်တော့ ဘာသာစကားတစ်ခုမှမပြောတတ် အထက်တန်းအောင်လက်မှတ်သာရှိသော သူ့ကို တခြားအလုက်သင်များက ရှေ့တင်ကော နောက်ကွယ်မှာပါ စောင်းမြောင်းလာကြတယ် သူ့ ဌာနမှူးကလဲမကြည်ဖြူတဲ့ကြားက သူအလုပ်သင်ကနေ အမြဲတမ်းဝန်ထမ်းဖြစ်လာပါ့မလားဆိုတာတော.့...

0 comments:

Post a Comment