Bodyguard (2020)

Rating : 6.8/10
Country : Korea
Genre : Action, Drama
Cast :  
Released Date : 2020
Duration : 1h 21min

အချစ်ဆိုတာမျိုးကမထင်မှတ်ပဲအခြေအနေမျိုးစုံမှာရုတ်တရက်ထွက်ပေါ်တတ်လာတာမျိုးပါ။ကိုယ်ချစ်တဲ့သူကို သက်ဆုံးတိုင်ကာကွယ်ပေးချင်တယ်။စောင့်ရှောက်ပေးချင်တယ်။
ဒီကားလေးကတော့ ၂၀၂၀ကထွက်ရှိထားပြီးAction/Drama အမျိုးအစားကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဆူဝန်ဆိုတဲ့သူတစ်ယောက်ကဘဝမှာအသက်ထက်ချစ်ရတဲ့ ချစ်သူကိုဆုံးရှုံးပြီးနောက်ဘဝကိုပေပေတေတေနေလာခဲ့ပါတယ်။သူမှာသူငယ်ချင်းနှစ်ယာက်ရှိတယ်။ထယ်ယောင်း၊ချောလေးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ငွေချေးလုပ်ငန်းတစ်ခုမှာ လူမိုက်ဝင်လုပ်နေခဲ့တယ်။တရက်မှာတော့မထင်မှတ်ပဲ သူဘဝထဲကိုသူချစ်သူအခြေအနေနဲ့တူတဲ့ ထူးဆန်းတဲ့အမျိုးသမီးတယောက်ရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီကောင်မလေးကို ဆူဝန်ကကာကွယ်ပေးဖို့ဖြစ်လာခဲ့သလိုသူမအတွက်ဆိုအမြဲအဆင်သင့်ရှိနေပေးရမယ့်ဘော်ဒီဂတ်တစ်ယောက်လိုဖြစ်လာခဲ့ပါတယ်။သူဘဝထဲအမှတ်မထင်ဝင်ရောက်လာတဲ့ကောင်မလေးကကော ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်တွေ့ရမှာဖြစ်လို့ဇာတ်လမ်းကိုကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ်။Action ကားဆိုပေမယ့်အချစ် Romance လေးလဲပါသလိုဇာတ်လမ်းလေးကလည်းဆန်းပြီးအလှည့်အပြောင်းလေးတွေလည်းရောစပ်ထားပါတယ်။ပိတ်ရက်မှာ Action ကားကောင်းကောင်းမျှော်နေတဲ့ပရိတ်သတ်ကြီးလည်းအကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်။

0 comments:

Post a Comment