16 Episdoes
Rating : 8.3/10
Country : South Korean
Genre : Thriller,Law
Cast : Lee Joon Gi,Seo Ye Ji,Lee Hye Young,Choi Min Soo
ဇာတ်လမ်းတွဲ တော်တော် များများနဲ့ အောင်မြင်လာတဲ့ Lee Joon-gi ကတော့ အခု တစ်ခါမှာလဲ 2014 က The Night Watchman’s Journal ဇာတ်လမ်း တွဲမှအဓိက ခေါင်းဆောင် မင်းသမီး အဖြစ်နာမည်ကြီးထားတဲ့ Seo Ye-ji နဲ့ တွဲဖက်ပြီးတော့
Lawless Lawyer ဆိုတဲ့ ရှေ့နေ ဇာတ်လမ်းတွဲလေးကို တင်ဆက်ထားပါတယ်။
Lee Joon-gi ကတော့ အချစ်ဇာတ်လမ်း တော်တော်များများ ရိုက်ကူး တင်ဆက်ရမှာ မိန်းကလေးတွေရဲ့ ရင်ထဲကို ရောက်သွားစေသူ တစ်ယောက်ဆိုရင် မမှားပါဘူး၊
ဒါပေမယ့် 2017 မှာ ထွက်ခဲ့တဲ့ Criminal Minds ဇာတ်ကားက လုံးဝ စုံထောက် သီးသန့် အနေနဲ့ ရိုက်ကူးခဲ့လို့ သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို မျှော်လင့်မိတဲ့သူတွေ ရှိကြမယ်ထင်ပါတယ်။
အခု ဒီကားမှာ ရှေ့နေ တစ်ယောက်အနေနဲ့ သူ ချစ်ရတဲ့ ကောင်မလေး ကိုဘယ်လို အကာအကွယ်ပေးမယ် ဆိုတာ မှုခင်း ရေးရာ ကိစ္စတွေ ဖြစ်ပွားတဲ့ ဂီဆန်မြို့လေးမှာဘယ်လို စုံစမ်းမှုတွေ ပြုလုပ်မယ်။
ပြီးတော့ Lee Joon Gi ရဲ့ ငယ်ဘဝကကော
ဘယ်လို နာကျင်စရာတွေရှိနေမှာလဲ
မင်းသမီး Seo Ye Ji ကကော Lee Joon Gi ရဲ့ ငယ်ဘဝမှာ သိသွားမှာလား
ဘယ်လို အမှုတွေ ဖော်ထုတ်ကြမလဲ
Lee Joon Gi တစ်ယောက်တော့ ဘယ်လို ကောင်မလေးရဲ့ ရင်ကို ထိအောင် သရုပ်ဆောင်ပြမလဲဆိုတာMMATV ပရိသတ်တွေ ခံစားကြည့်ကြပါဦး ...
ဇာတ်လမ်းလေးကတော့ Rating တွေ သိပ် ပြောစရာ မလိုလောက်အောင် ဆွဲဆောင်မှု ရှိနေမယ်ဆိုတာတော့ အာမခံပါရစေ ...

0 comments:
Post a Comment