16 Episdoes
Rating : 8.1/10
Country : South Korean
Genre : Antion,Thriller,Crime
Cast : Yoon Kye Sang,Lee Bum Soo
Korean Drama တွေကို ပရိသတ်အမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ ကြိုက်ကြတယ် Romantic ကြိုက်တဲ့သူ , Action ကြိုက်တဲ့သူ , Family Drama ကြိုက်တဲ့သူ အမျိုးမျိုးပေါ့ .. ကျနော်ကတော့ အကုန်ကြည့်တယ် ဟုတ်တယ်လေ ကိုရီးယား ဇာတ်လမ်းတော် တော်များများက Script ကောင်းတာကိုး .. ကြိုက်သင့်တာပေ့ါ .. ကဲ ဒါဆို အကောင်းတွေမှ ကြိုက်တဲ့ GC Fan တွေအတွက် .. အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ Drama Series တွေထဲက Last ဆိုတဲ့ Action ဇာတ်လမ်း Drama လေးနဲ့ မိတ်ဆက်ပေးပျစေ .. Last က Kang Hyeong Gyu နဲ့ Han Ji Hoon တို့ရေးသားထားတဲ့ Last ဆိုတဲ့ Webcomic ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် .. ဇာတ်လမ်းအဖြစ် ဖန်တီးပေးထားတဲ့သူက JO Nam Kook တဲ့ .. JTBC ရုပ်သံလိုင်းမှာ 2015 , July လောက်က ပြသခဲ့တဲ့ Series ပါ .. 16 တိတိ ရှိတယ် ..Last ဆိုတဲ့ Korea Series ကို အကောင်းတစ်ကာ့ အကောင်းလို့ ညွှန်းရလောက်တဲ့ သက်သေတစ်ရပ်လည်း ရှိပါတယ် .. နာမည်ကြီး Website တွေက Last Series အပြီးမှာ ထုတ်ပြန်ခဲ့တဲ့ Rating က 10 ပေးရာမှာ 8.1 အထိ ရရှိထားတဲ့ Series .. ပါဝင်သရုပ်ဆောင်ထားတဲ့ တကယ့် Reality မင်းသား မင်းသမီး စစ်စစ်တွေချည်းပဲ … Yoon Kye Sang , Lee Beom Soo , Park Won Sang , Seo Ye Ji , Park Ye Jin တို့က ဦးဆောင်ပါဝင်ထားတယ် .. ဇာတ်လမ်းလေးကတော့ Action ဇာတ််ကြမ်းကြမ်းတွေကို မှ ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ပိုအဆင်ပြေတယ် .. အဓိကမင်းသားဖြစ်တဲ့ Yoon Kye Sang က ဒီဇာတ်လမ်းထဲမှာ Jang Tae Ho ဆိုတဲ့ Character နဲ့ပါဝင်ထားတယ် .. Jang Tae Ho ဟာ အရမ်းကို အောင်မြင်တဲ့ ရံပုံငွေ Manager တစ်ယောက်ဖြစ်ပါတယ် .. ဒါပေမယ့် Jang Tae Ho ရဲ့ Personal ကိစ္စတစ်ခုကြောင့် W350 Million လောက်အရှုံးပေါ်ခဲ့သလို သူ့နဲ့ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းလဲ သေသွားခဲ့တယ် .. အဲ့တော့ Jang Tae Ho ကစီးပွားပျက်ပြီး သူကို့လိုက်သတ်နေတဲ့ Gangsters တွေလက်ကလွတ်အောင် ထွက်ပြေးနေရတဲ့သူတစ်ဦး ဖြစ်လာခဲ့တယ် .. အိမ်ခြေရာခြေမဲ့တစ်ယောက် ဖြစ်လာတာပေါ့ .. အဲ့လို ပြေးရင်းပုန်းရင်းနဲ့ Seoul မြို့ရဲ့ ဘူတာရုံတစ်ခုနားကို Jang Tae Ho ရောက်လာခဲ့တယ် .. အဲဒီကစပြီး ဇာတ်လမ်းစတာပါ .. သူ့လိုပဲ ဘူတာရုံနားမှာ နေနေတဲ့ အိမ်ခြေရာခြေမဲ့ Gangstars တွေ အများကြီး .. ဘဝကို နည်းအမျိုးမျိုးနဲ့ ရုန်းကန်နေတဲ့သူတွေ .. သူ့ထက်အခြေအနေဆိုးတဲ့သူတွေ .. အသက်ရှင်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေသူတွေ .. လောကကြီးမှာ သူများထက် သန်မာပြီး တိုက်ရည်ခိုက်ရည်လည်း ကောင််းရမယ်ဆိုတဲ့ အသိတရားတွေက အဲဒီ Seoul မြို့ရဲ့ ဘူတာရုံနားမှာ နေရင်း Jang Tae Ho အတွက် အများကြီး သင်ယူခဲ့ရတယ် .. နောက်တော့ သူရဲ့ အရင်လို ဘဝမျိုးကို တစ်ခါပြန်ရဖို့ အတွက် ကြိုးစားလာခဲ့တယ် .. အရမ်းကို မိုက်တဲ့ Action Scenes တွေ Reality ဆန်တဲ့ လူတွေရဲ့ စိတ်ဓာတ်တွေ .. လူယုတ်မာတွေအကြောင်းကို သဘာဝကျကျ ရိုက်ကူးထားတဲ့ Drama ဖြစ်ပါတယ်ဗျ ..
0 comments:
Post a Comment