Kickboxer: Vengeance (2016)

Rating : 4.9/10
Country : United State
Genre :  Action, Crime, Drama
Cast : Dave Bautista, Alain Moussi, Gina Carano 
Released Date : 2016
Duration : 1h 30min 

ပရိသတ် ကြီးအတွက် Kickboxer: Vengeance ဆိုတဲ့ အမေရိကန်အက်ရှင်ကား သစ်လေး ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။ ၁၉၈၉ လောက်တုန်းက အက်ရှင်မင်းသား ဗန်ဒမ်းကို နာမည်ကျော်စေခဲ့တဲ့ Kickboxer ဇာတ်ကားကို ဆန်းသစ်ရိုက်ကူး ထားတာဖြစ်ပြီး အဲဒီခေတ်တုန်းက မီခဲ့တဲ့ ပရိသတ်တွေလည်း ဇာတ် ကားနှစ်ခုကို နှိုင်းယှဉ်ခံစားကြည့် နိုင်မှာပါ။အခု ဇာတ်ကားမှာလည်း မင်းသားဗန်ဒမ်းပါဝင်ထားပြီး ဝါ ရင့် ကိုယ်ခံပညာ မာစတာတစ် ယောက်နေရာက ပါဝင် သရုပ် ဆောင်ထားတာမို့ ဗန်ဒမ်းကို မ တွေ့ရတာကြာနေတဲ့ ပရိသတ် တွေလည်း သဘောကျမယ်လို့ ထင်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် က ကမ်းခြေမြို့လေးဖြစ်တဲ့ ဗင်း နစ်မှာနေထိုင်တဲ့ အဲရစ်နဲ့ ကက်က လုန်းညီအစ်ကိုဟာ ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီး တစ်ရက် မှာတော့ အဲရစ်က ကရာတေး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်း ဘက်မှာသွားပြိုင်ဖို့ သွေးဆောင်တာကို ကက်က အတန်တန်တားနေတဲ့ကြားက အဲရစ်ကသွားဖို့ လက်ခံခဲ့ပါတယ်။ထိုင်းကိုရောက်တဲ့အခါမှာ အဲရစ်နဲ့ မွေ့ထိုင်းချန်ပီယံတောင် ပိုးတို့ဟာ တရားမဝင် လက်ဝှေ့ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခဲ့ကြရာမှာ တိုက်ခိုက်ကြရင်း အဲရစ်သေဆုံးသွားခဲ့ပါတယ်။ တရားမဝင်လက်ဝှေ့ပွဲတွေရဲ့ ရည်ရွယ်ချက်ကိုက အလောင်းအစားတွေဖြစ်တာမို့ ပြိုင်ပွဲဝင်တွေကို အသေထွက်သဘောမျိုးနဲ့ ကျင်းပကြရာမှာ အဲရစ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အရင်ဇာတ်ကားကို မီတဲ့ပရိသတ်ဆိုရင်တော့ တောင်ပိုးဆိုတဲ့ထိုင်း လက်ဝှေ့သမားကြီးကို မျက်စိထဲပြေးမြင်မိကြမှာဖြစ်ပြီး အမြင်ကတ်စရာ၊ မုန်းစရာကောင်းတဲ့ ပုံရိပ်ကြီးကိုပါ တစ်ခါတည်း သတိရမိဦးမှာပါ။အဲဒါနဲ့ အစ်ကို့အတွက် လက်တုံ့ပြန်ချင်တဲ့ ကက်ဟာ သူ့ အစ်ကိုရဲ့ ဆရာဖြစ်တဲ့ မာစတာဒူ ရန်းကိုသွားရှာခဲ့ပြီး တောင်ပိုးနဲ့ လက်ရည်ယှဉ်နိုင်ဖို့အတွက် ကြိုး စားခဲ့ပါတော့တယ်။ ကက်တစ် ယောက်ရေကုန်ရေခန်း လေ့ကျင့် မှုတွေယူရင်း တောင်ပိုးနဲ့တိုက် ခိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ကက်နေရာမှာ အရင်တုန်း က ဗန်ဒမ်းသရုပ်ဆောင်ထားတာ နဲ့ အခုဇာတ်ကားက သရုပ်ဆောင် နဲ့က ပုံစံမတူပေမယ့်လည်း မတူ ညီတဲ့ ရသတစ်ခုစီနဲ့ ပရိသတ်ကိုဆွဲ ဆောင်နိုင်လိမ့်ဦးမယ်လို့ ထင်ပါ တယ်။ မွေ့ထိုင်းသမားကြီးတောင် ပိုးနဲ့ ကက်နဲ့ ထိပ်တိုက်တွေ့တဲ့ အခါ ကက်က အလဲထိုးသတ်နိုင် မှာလား။ လက်ဝှေ့ကြိုးဝိုင်းတွေ နောက်ကွယ်က အလောင်းအစား တွေကြားမှာ ဘယ်လိုဇာတ်ကွက် တွေနဲ့ အဆုံးသတ်မလဲဆိုတာ တော့ ကိုယ်တိုင်ပဲကြည့်ရှုဖို့ ဖော် ပြလိုက်ပါတယ်။အခု ဇာတ်ကားမှာတော့ ကက်အဖြစ် အလိန်းမူဆီ၊ မာစ တာဒူရန်းအဖြစ် ဂျင်းန်ကလော့ဒ် ဗန်ဒမ်း၊ တောင်ပိုးအဖြစ် ဒေ့ဗ်ဘာ တစ္စတာ၊ အဲရစ်အဖြစ် ဒါရန်ရှာ လာဗီစတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ ။

0 comments:

Post a Comment