Rating : 6.9/10
Country : United State
Genre : Drama, War
Cast : Kristen Stewart, Payman Maadi, Lane Garrison
Released Date : 2014
Duration : 1h 57min
Country : United State
Genre : Drama, War
Cast : Kristen Stewart, Payman Maadi, Lane Garrison
Released Date : 2014
Duration : 1h 57min
စစ်တပ်ထဲက ပထမတန်းစစ်တပ်အရာရှိ အေမီ ကိုးလ် ဟာ Camp Delta လို့ခေါ်တဲ့ နေရာမှာ အစောင့်အနေနဲ့ တာဝန်ပေးခြင်းခံရပါတယ် အစောင့်သစ်တစ်ယောက်ဖြစ်တဲ့ သူမဟာ အကျဉ်းသားတွေကို ကိုင်တွယ်တဲ့နေရာမှာလဲ အေးတိအေးစက်ဖြစ်နေပါတယ် သူမ camp မှာ ရှိနေစဉ်မှာ သူမကို စိတ်ဝင်စားနေတဲ့ ဂျာမန်အကျဉ်းသား Ali နဲ့ တွေ့ဆုံခဲ့ပါတယ် Amy ကတော့ Ali ရဲ့ ကြိုးစားမှုတွေ မေးခွန်းတွေကို လျစ်လျူရှု ထားရင်းတခါတလေ စိတ်ပျက်နေတတ်ပါတယ်၈ လ လောက်ကြာပြီးနောက်မှာ Amy ဟာ Ali ရဲ့ ရေချိုးချိန်တွေကို ကြီးကြပ်ရတဲ့သူအနေနဲ့ အတင်းအကျပ် တာဝန်ချခံရပါတယ် Ali အတွက်လဲ အဆင်မပြေတဲ့အတွက် Amy က သူမရဲ့ အထက်အရာရှိဆီကို report ရေးတင်ခဲ့ပါတယ် တစ်ညမှာတော့ Ali နဲ့ Amy ဟာ နောက်ကြောင်းတွေ ပြန်ပြောကြရင်း Ali ဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားခဲ့ပေမဲ့ Amy ရဲ့ တားဆီးမှုကြောင့် အသက်ရှင်ခဲ့ပါတယ် ဒီအခြေအနေကြောင့် Amy ဟာလဲ အကျဉ်းသားတွေအပေါ်မှာ ရှိနေတဲ့ ထင်မြင်စိတ်တွေ အတွေးတွေ ပြောင်းလဲသွားခဲ့ပါတယ်Amy ဟာ နောက်ဆုံး စခန်းကနေပြောင်းရမဲ့ အချိန်ရောက်လာတဲ့အခါ သူဟာ ဒီလူတွေနဲ့ စတွေ့ချိန်နဲ့ ခွဲခွာရမဲ့ချိန် ဘယ်လိုတွေ ကွဲပြားသွားမလဲဆိုတာ ကြားထဲက ဇာတ်လမ်းအချိတ်အဆက်လေးတွေကို ဆက်ကြည့်ကြပါလို့ ပြောချင်ပါတယ် IMDB Rating 7 အထိရရှိထားပြီး Kristine Stewart (Twilight မင်းသမီး) ရဲ့ သရုပ်ဆောင်ချက် ကောင်းကောင်းလေးတွေအပြင် ဘဝသရုပ်ဖော် အသားပေး ဇာတ်လမ်းဖြစ်တာကြောင့် ကြည့်ဖို့တန်တဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရမှာပါပဲ

0 comments:
Post a Comment