Bhangra Paa Le (2020)

Rating : 6.2/10
Country :India
Genre : Comedy, Drama, Music 
Cast : Sunny Kaushal, Rukshar Dhillon, Shriya Pilgaonkar  
Released Date : 2020
Duration : 2h 11min

ဘော်လီဝုဒ်ဖန်တွေအတွက် အက,အလှတွေစုံစုံညီညီနဲ့ Musical, Drama ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်အသစ်တွေဆိုပေမယ့် အက်တင်ပိုင်းမှာပြောစရာမရှိဘဲ တကယ်ကိုတော်ကြသလု် က,ကွက်တွေလည်း ရှယ်တွေပါပဲဖင်မနိုင်ဘဲပဲကြီးဟင်းစားတဲ့ကုလားဒါရိုက်တာတွေလိုမဟုတ်ဘဲ ပွဲဦးထွက်ဒါရိုက်တာတစ်ယောက်ဖြစ်ပေမယ့်ဒီဒါရိုက်တာကတော့ ဖြစ်နိုင်တာ လုပ်နိုင်တာကိုပဲ ဟာကွက်မရှိအောင် ချပြသွားပါတယ်
ထုတ်လုပ်ရေးကလည်း ကားကောင်းများစွာဖြန့်ချီထားတဲ့ RSPV ဆိုတော့ ပြောစရာမလိုလောက်အောင်ပါပဲဒီဇာတ်ကားထဲကမင်းသားက ဆန်ဂျူးဇာတ်ကားထဲမှာ ကမ်လီအဖြစ်လူသိများခဲ့တဲ့ မင်းသား Vicky Kaushal ရဲ့ညီ Sunny Kaushal ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 6.5/10 အထိရထားပါတယ်ဇာတ်လမ်းလေးကတော့ ဂျဂ္ဂီဆိုတဲ့ပန်ဂျာဗီလူငယ်တစ်ယောက်ဆီမှာ အိပ်မက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ သူတို့မျိုးရိုးအမွေတစ်ခုဖြစ်တဲ့ ပန်ဂျာဗီအက, ဘန်ဂရားကို လူသိကျော်ကြားစေချင်တာပါပဲသူ့အဖေ သူ့အဖိုးတို့ကို ဘယ်သူမှမသိခဲ့တာကြောင့် ဒီအကနဲ့ တကမ္ဘာလုံးကိုသိစေချင်တာပါပဲဒါပေမဲ့ အခက်အခဲတစ်ခုတော့ရှိနေပါတယ် အဲ့ဒါကတော့ ရှေ့ထွက်မိန်းကလေးအက,သမားမရှိတာပါပဲသူ့ကောလိပ်တစ်ခုလုံးမှာလည်း စိတ်တိုင်းကျတစ်ယောက်မှမတွေ့ခဲ့ပါဒါပေမဲ့ မင်္ဂလာဆောင်တစ်ခုမှာ အက,တော်သော စီမီးဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်အက,တော်တဲ့ဒီကောင်မလေးကို သူ့အသင်းမှာပါဖို့ စည်းရုံးတဲ့အခါမှာ ဒီကောင်မလေးဟာ သူ့ပြိုင်ဘက်ကောလိပ်ကဖြစ်နေပါတော့တယ်မြင်မြင်ချင်းသဘောကျမိတဲ့ကောင်မလေးနဲ့ သူ့အိပ်မက်ထိပ်တိုက်တွေ့လာလေသောအခါမှာတော့ …(ရဲရဲကြီးအာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ABCD လို ပေါကားတွေထက် အဆတစ်ရာလောက် သာတယ်ဆိုတာပါပဲ)

0 comments:

Post a Comment