Barefoot (2014)

Rating : 6.6/10
Country : United State
Genre :  Comedy, Drama, Romance 
Cast :   Evan Rachel Wood, Scott Speedman, J.K. Simmons
Released Date : 2014
Duration :  1h 30min 

ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် မင်းသားဂျေးကတော့အိမ်က ပိုက်ဆံရှိချမ်းသာပေမယ့် တခြားမြို့မှာ မိန်းမရှုပ် လောင်းကစားလုပ်နဲ့မူးရူးသောင်းကျန်းနေတဲ့ လူ့ဘောကျော့တယောက်ဖြစ်တယ်။
သူ့ရဲ့လုပ်ရပ်တွေကြောင့် စိတ္တဇဆေးရုံမှာ လူမှုရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ဖို့အမိန့်ချခံလိုက်ရတယ်။

ထိုအချိန်မှာပဲ ဆေးရုံလာတက်တဲ့စိတ်ဝေဒနာရှင်မင်းသမီးဒေစီနဲ့ စတင်တွေ့ဆုံပါတော့တယ်။
ဒေစီဟာ ဂျေးကို မြင်မြင်ချင်းသံယောဇဉ်ဖြစ်သွားပြီနေရာတကာတကောက်ကောက်လိုက်တယ်။
အကြွေးတွေဆပ်ဖို့ပိုက်စံလည်းလို…ညီရဲ့မင်္ဂလာဆောင်ကလည်းရှိ…အဖေကလည်း
ဂျေးကိုချစ်သူတယောက်ခေါ်ပြီး အိမ်ကိုပြန်ဖို့ပြောတဲ့အချိန်မှာ…ချစ်သူကလည်းရှာမရ
ကြံရာမရတဲ့အဆုံးစိတ်ဝေဒနာရှင်ဒေစီကိုပဲ ချစ်သူအဖြစ်ဟန်ဆောင်ပြီး မိသားစုနဲ့
သွားတွေ့တဲ့အချိန်မှာပဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။

မင်းသမီးဒေစီရဲ့ innocent ဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင် ဇာတ်ကားဟာ ရသမြောက်ခဲ့ပါတယ်
sex ခန်းတခန်းမှမပါပဲ Romance ဆန်ဆန်ရိုက်ကူးထားတဲ့ drama ကားကို
မိမိချစ်သူရည်းစားနဲ့အတူကြည့်မယ်ဆိုရင်တော့ကြည်နှုးမှုရသအပြည့်အဝပေးစွမ်းနိုင်မှာပါ။

0 comments:

Post a Comment