Trolls World Tour (2020)

Rating : 5.4/10
Country : United State
Genre : Animation, Adventure, Comedy 
Cast : Anna Kendrick, Justin Timberlake, Rachel Bloom                              
Released Date : 2020
Duration : 1h 30min 

ဒီ Animation လေးက ကလေးလူကြီးမရွေးကြည့်သင့်တဲ့ကားလေးပါ

2016 တုန်းကထွက်ရှိခဲ့တဲ့ Trolls ဆိုတဲ့ Animation ရဲ့ ဒုတိယမြောက် ဇာတ်ကားလည်းဖြစ်ပါတယ်။

ပထမဇာတ်ကားလေးကတော့ တော်တော်ပေါက်သွားခဲ့ပါတယ်
မကြည့်ရသေးရင်ပထမကားလေးကိုလည်းကြည့်လိုက်ပါဦးနော်။

ပထမဇာတ်လမ်းနဲ့မတူကွဲထွက်နေတာက ဒီဇာတ်ကားက
Musical Genres တွေနဲ့ပတ်သတ်လို့ အယူစွဲ
ပုတ်ခတ်နေတာတွေကိုရှင်းလင်းပြသထားတဲ့ပုံမျိုးပါ။

Genes တွေစုံလွန်းလို့တော်တော်အားရစရာကြီးပါ

လူမျိုးမခွဲခြား မျှတပြီး Harmonyဖြစ်တဲ့ ပုံစံလေးနဲ့
အဆုံးသတ်ထားတော့ ဇာတ်သိမ်းလေးကပျော်စရာလေးဖြစ်နေတာပါ

ဒီ trollsလေးတွေက
1959 မှာ Thomas Dam ဆိုတဲ့လူက စထုတ်တဲ့ Troll ဆိုတဲ့ plastic doll ကိုအခြေခံထားတယ်လို့လဲသိရပါတယ်။

ဒါ့အပြင် အားရစရာအကောင်းဆုံးကတော့ Genresတွေပါ
Timberlake ရဲ့ ဆန်းသစ်တီထွင်ကွက်တွေ
အားထုတ်ချက်တွေကိုတစ်ဝကြီးခံစားနိုင်မှာပါ။

Kpop နဲ့ Reggaeton တို့လိုအမျိုးအစားတွေကိုပါ
ပွဲထုတ်ထားတာတွေ့ရမှာဖြစ်ပါတယ်။

Cast တွေကလည်း အလန်းစား
music တွေကလည်းတကယ့်ဒိတ်ဒိတ်ကြဲဖြစ်ခဲ့ပါတယ်။

ဟာသအပိုင်းတွေ မိသားစု သူငယ်ချင်း အမျိုးမျိုးအဖုံဖုံ
ကိုပေါ့ပေါ့ပါးပါးလေးကြည့်ရှုရမှာပါ။

plus သီချင်းတွေလည်း
တော်တော်ကောင်းပါတယ် ဒုတိယအကြိမ်ညွှန်းတာပါ
ကြည့်ပြီးလို့နားထောင်ချင်မယ်ဆိုရင် အကြိုက်ဆုံးTitle လေးတွေဖော်ပြပေးလိုက်ပါတယ်နော်။

0 comments:

Post a Comment