A Beautiful Moment (2018)

Rating : 5.5/10
Country : China
Genre : Comedy 
Cast : Carina Lau, Simon Yam, Michelle Wai                             
Released Date : 2018
Duration : 1h 49min 

ဒီဇာတ်ကားရဲ့ မင်းသားကို အားလုံးရင်းနှီးပြီးသားဖြစ်ကြမှာပါ။
သူက အမြဲတမ်း အက်ရှင်ကားတွေပဲရိုက်နေတာပါ။ ဒီတစ်ခါမှာတော့ လူကြီးလူငယ်မရွေး ကြည့်ရှုခံစားနိုင်တဲ့ ဟာသကားကိုရိုက်ကူးထားပါတယ်။
ဟောင်ကောင်မှာနေထိုင်ကြတဲ့ သူဌေးတွေရဲ့ ဘဝအခြေအနေကို အခြေခံပြီး ဟာသမြောက်အောင်ရိုက်ကူးထားပါတယ်။
အချစ်ဇာတ်လမ်းတွေကြားမှာ ဟာသကြားညှပ်ပြီးရိုက်ကူးထားလို့ ကြည်နူးဖို့လည်း ကောင်းသလို၊ ပျော်ဖို့လည်းကောင်းပါတယ်။
ဒီဇာတ်ကားမှာတော့ စိတ်ပညာရှင် ဒေါက်တာ ဘို နဲ့ စီးပွားရေးသမား ချိန်ဟွာရှိန်း တို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိကထားပြီးရိုက်ထားတာပါ။
ချိန်ဟွာရှိန်းဟာ အလွန်ရက်စက်ပြီး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်။အတ္တကြီးတယ်။ လောဘကြီးတယ်။ သူ့မျက်လုံးထဲမှာ ပိုက်ဆံကအရေးကြီးဆုံးဖြစ်နေခဲ့တယ်။
ဒေါက်ဒါ ဘိုကတော့ အလွန်ထူးချွန်တဲ့စိတ်ပညာရှင်တစ်ယောက်ဖြစ်တယ်။
သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်မလဲ?အချစ်ကြောင့် သူတို့ဘယ်လိုပြောင်းလဲသွားသလဲ?
ဟာသလေးတွေနှောပြီးရိုက်ကူးထားတာမို့ ခံစားကြည့်ကြပါဦး…

0 comments:

Post a Comment