The Gift (2015)

Rating : 7.0/10
Country : United State
Genre :   Drama, Mystery, Thriller 
Cast :   Jason Bateman, Rebecca Hall, Joel Edgerton                
Released Date : 2015
Duration :  1h 48min 

RMDB 7.1/10 ရုပ်ရှင်ကောင်းမကြည့်ရတာ တော်တော်ကိုကြာနေပြီ။ ကိုယ်ကြည့်မိတဲ့ ကားတွေကမကောင်းတာလားတော့ မသိ စိတ်ထဲ အရမ်းကြိုက်ပြီး ညွှန်းချင်တဲ့ကားမျိုး2016 ထဲမှာ မတွေ့မိခဲ့ဘူး။ The Giftဆိုတဲ့ ဇာတ်ကားလေး က ဒီညနေမှ စိန်ဂေဟာမှာတွေ့လို့ ပြန်ရောက်တော့
ကြည့်မိတယ်။ စကြည့်တည်းက ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းပြီးတဲ့ အထိဆွဲဆောင်သွားနိုုင်ခဲ့တယ်။ အခုရက်ထဲ ကြည့်မိသမျှထဲမှာတော့ အကောင်းဆုံးပါပဲ။ ဇာတ်ကားနာမည်တွေ့ထဲက နည်းနည်းထူးခြားနေလို့ ဝယ်ခဲ့မိတာပါ။ ဇာတ်လမ်းအကြောင်းတော့အကျဉ်းတောင် မပြောချင်တော့ပါဘူး။ကြည့်တဲ့အခါ ဇိမ်ပျက်မှာစိုးလို့ပါ။ ကြည့်ပြီးသား လူတွေလည်းရှိမှာပါ။ဒီဇာတ်ကားထဲကရတဲ့အသိက “Just becasue you are done with the past doesn’t mean the past is done with you” “သင်က အတိတ်ကိုမေ့ပစ်လိုက်ပေမယ့် အတိတ်ကကံကတော့သင့်ကို မမေ့ပါဘူး”။ ဆိုလိုုရင်းကတော့ “ကိုုယ်ပြုသောကံ ကိုယ့်ထံပြန်လာမည်”ဆိုတာပဲဖြစ်ပါတယ်။ မိမိ လုုပ်ခဲ့တဲ့ မကောင်းတဲ့ အရာကို မိမိကမေ့ရုံနဲ့ အဲ့ဒီ အတိတ်က သင့်ကိုကျေအေးပေးမှာ မဟုတ်ပါဘူး။ဝဋ်ဆိုတာ တကယ်ကိုလည်ပါတယ်။ အချိန်အနည်းအများကွာတာပဲရှိပါတယ်။ ဒါ့ကြောင့် နေ့တိုင်းသူများအပေါ် မကောင်းစိတ်မဝင်အောင်နေဖို့ အရမ်းအရေးကြီးပါတယ်။ သူတော်ကောင်းကြီး မဖြစ်ရင်နေပါစေ။သူတစ်ပါးရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားအောင် မဖျက်ဆီးမိဖို့တော့လိုပါတယ်။

0 comments:

Post a Comment