Pan (2015)

Rating : 5.7/10
Country : United State
Genre :   Adventure, Comedy, Family 
Cast :   Levi Miller, Hugh Jackman, Garrett Hedlund                    
Released Date : 2015
Duration : 1h 51min 

စူးစမ်းချင်စိတ်ရှိပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ အသက်၁၂နှစ်အရွယ် မိဘမဲ့လေး ပီတာဟာ တစ်နေ့မှာတော့ မိုးပေါ်ပျံနိုင်တဲ့ ပင်လယ်ဓားပြလှေကြီးတစ်စီးရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီး Neverland ဆိုတဲ့ပဥ္စလက်ဆန်တဲ့ကျွန်းကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီကျွန်းမှာ ပင်လယ်ဓားပြခေါင်းဆောင် ကြီးအတွက် Pixumလို့ခေါ်တဲ့ကျောက်မျက်တွေရှာဖွေပေးရတဲ့ ကျောက်တူးသမားအဖြစ်ခိုင်းစေခံနေရရာက သူကိုယ်တိုင်မသိခဲ့တဲ့ သူ့ရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိလာပြီးသူ့ဘဝအစစ်အမှန်ကို ရှာတွေ့ဖို့လမ်းစတွေပေါ်လာခဲ့ပါတော့တယ်။အဲဒီကနေ သူ့မိခင်အရင်းကိုရှာဖွေဖို့ကြိုးစားရင်း ပီတာလေး ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ ပင်လယ်ဓားပြခေါင်းဆောင်ကြီးနဲ့ ဘယ်လိုထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာတွေ တွေ့ရမှာပါ။ငယ်ဘဝကာတွန်းဇာတ်ကောင်ကို ကင်မရာအထူးပြုလုပ်ချက်တွေနဲ့ လှပအောင်ဖန်တီးထားတဲ့ရုပ်ရှင်ဖြစ်တာမို့ Fairy Tale ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားဖြစ်မှာပါ။

0 comments:

Post a Comment