Foxtrot Six (2019)

Rating : 6.7/10
Country : Indonesia
Genre : Action, Drama, Sci-Fi 
Cast : Oka Antara, Verdi Solaiman, Chicco Jerikho                              
Released Date : 2019
Duration : 1h 54min 

IMDB 6.7 သာ ရထားတယ်ဆိုပေမယ့် အာရှဇာတ်ကားထဲမှာတော့ တော်တော်ကိုကောင်းတဲ့ကားလေးလို့ ပြောရမယ့်အထဲမှာပါပါတယ်။ အက်ရှင်ပိုင်း ဆက်တင်ပိုင်း လူသုံးတဲ့နေရာ CGI များကို တော်တော်လုံလုံလောက်လောက်နဲ့ ပြည့်စုံအောင်သုံးထားပြီးတော့ အင်ဒိုနီရှားကားတစ်ကားအနေနဲ့ မထင်မှတ်စရာ ရိုက်ချက်များကိုတွေ့ရမှာပါ။

ဇာတ်ကားလေးရဲ့ဇာတ်ရိုးကတော့
ကမ္ဘာ ငတ်မွန်ခေါင်းပါးမှုတိုးလာတာနဲ့ အမျှ ကမ္ဘာမှာလည်းရူပ်ထွေးမှုတွေအများကြီး ကြုံနေရပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အင်ဒိုနီရှားနိုင်ငံလည်းအပါအဝင်ဖြစ်ပြီးတော့ ဆင်းရဲချမ်းသာခွဲခြားမှုကြီးနဲ့ နိုင်ငံရေးကြီးဆိုးမှုကြီးကြောင့် ငတ်ပျက်နေတဲ့သူ များစွာရှိနေပါတယ်။ ထိုသို့ ဖြစ်ရပ်ကိုတားစီးနေတဲ့ ပြန်လည်တည်ထောင်ရေးအဖွဲ့ကြီးဟာ အစိုးရရဲ့ ဘက်တော်သားဖြစ်တဲ့ ပါရာနက်ဆိုတဲ့ အဖွဲ့အစည်းကြီးကို တော်လှန်နေပါတယ်။ ထိုသို့တော်လှန်ရာမှာ စစ်ထွက်ဟောင်းများဖြစ်တဲ့သူငယ်ချင်း ၆ ယောက်ဟာ အဲဒီလိုအဖွဲ့အစည်းကြီးကို ဘယ်လိုတော်လှန်မလဲ….

နောက်ပိုင်းမှာ လှည့်ကွက်တွေတစ်ခုပြီးတစ်ခု ထွက်လာကာ ဇာတ်လမ်းမှာ အံ့ဩမှုများစွာကိုတွေ့ရပြီးတော့ အချစ်အလွမ်းစွန့်စားခန်းလေးတွေကိုကြည့်ရင်း……

0 comments:

Post a Comment