Rating : 5.0/10
Country : India
Genre : Biography, Drama
Cast : Deepika Padukone, Vikrant Massey, Vishal Dahiya
Released Date : 2020
Duration : 2h
Country : India
Genre : Biography, Drama
Cast : Deepika Padukone, Vikrant Massey, Vishal Dahiya
Released Date : 2020
Duration : 2h
တစ်ချို့လူတွေရဲ့လုပ်ရပ်တွေကို ကိုယ်တိုင်က နားမလည်နိုင်ပေမယ့် ကိုယ့်စိတ်ထဲမှာလည်း သူများနဲ့မတူတဲ့ စိတ်ရိုင်းတစ်မျိုးတော့ ရှိနေမှာ သေချာတယ်။ (ကိုယ်တိုင်လည်း သိတဲ့သူ သိကြမှာပါ)ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က ခဲယဥ်းမယ်ထင်တယ်။ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်ယူသလဲသူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး “အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်”ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ရိုးရိုးလေး ရိုက်ပြထားတာပါပဲ။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။ဇာတ်ကားရဲ့ တင်ပြချင်တဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာအခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ်။အညွှန်းအနေနဲ့ ရေးပေးထားတာမျိုး မဟုတ်ပဲ ဘာသာပြန်တစ်ယောက်အနေနဲ့ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ရေးသားပေးလိုက်တာမို့ဖော်ပြချင်တဲ့ အချက်တွေ ၊ ဘာသာပြန်ရာမှာ ဥပဒေဆိုင်ရာအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အားနည်းခဲ့ရင် ကြိုတင်တောင်းပန်ထားပါရစေ….။
0 comments:
Post a Comment