Z Nation (2014-2018)

Season (1) - 13 Episodes
Season (2) - 15 Episodes
Season (3) - 14 Episodes
Season (4) - 13 Episodes
Season (5) - 13 Episodes

Rating : 6.7/10
Country : United State
Genre :  Comedy Drama, Action, Horror
Cast : Kellita Smith. as Roberta Warren. Keith Allan. as Murphy. Russell Hodgkinson. as Doc. Nat Zang. as 10K. DJ Qualls. as Citizen Z. Grace Phipps. as Sarge. Anastasia Baranova. as Addy Carver. Matt Cedeño. as Vasquez.
Released Date : 2014-2018
အတော်လေးကောင်းတဲ့ zombie စီးရီးတစ်ခုအကြောင်းမိတ်ဆက်ပေးပျဇေ
Walking Dead လို zombie စီးရီးမျိုးကိုသဘောကျသူတွေအတွက်ကတော့ ညွှန်းစရာသိပ်မလိုဘူးပေါ့
Walking Dead နဲ့မတူတာတစ်ချက်က ဇာတ်အေးပုံစံမျိုးမဟုတ်ဘဲ zombie တွေနဲ့ဝုန်းဒိုင်းကြဲတိုက်နေတဲ့အခန်းက
Z Nation မှာပိုများပါတယ် လူနည်းစုကိုတင်ရိုက်ပြထားတာမဟုတ်ဘဲ တမြို့လုံးမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုပါ
တခါထဲရိုက်ပြထားတော့ zombie apocalypseကြီးကို ရှုထောင့်အမျိုးမျိုးနဲ့ခံစားနိုင်တာပေါ့ဗျာ
နောက်တချက်ကွာတာက Walking Dead ထဲက zombie တွေလို ဖြေးဖြေးချင်းလမ်းလျှောက်ကြတာမဟုတ်ဘဲ
ခုန်ပေါက်ပြေးလွှား ဝရုန်းသုန်းကားနဲ့ လူတွေနောက်တောက်လျှောက်လိုက်ပြီး စားမယ်ဝါးမယ်တကဲကဲဖြစ်နေတဲ့
zombieကြီးတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာနော် ဇာတ်လမ်းအကျဉ်းကိုတော့ခပ်ရှင်းရှင်းပဲပြောတော့မယ်
အမေရိကကို zombie virus ကူးစက်သွားပြီး 3နှစ်အကြာမှာ သမ္မတလဲသေသွားပြီ ဒီအခြေအနေမှာ zombie အကိုက်ခံရပေမဲ့
ရောဂါပိုးကူးစက်မသွားတဲ့တစ်ဦးထဲသောပုဂ္ဂိုလ်ရဲ့သွေးကို ကယ်လီဖိုးနီးယားကဓာတ်ခွဲခန်းမှာစမ်းသပ်ခန်းပြီး
ရောဂါကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ဖို့ သူရဲကောင်းမဟုတ်တဲ့သူရဲကောင်းအဖွဲ့တဖွဲ့က အဲ့ဒီပုဂ္ဂိုလ်ကြီးကို
နယူးရော့ခ်ကနေ ကယ်လီဖိုးနီးယားကိုဘေးမသီရန်မခပို့ပေးဖို့ တာဝန်ယူလိုက်ရတဲ့အကြောင်းကိုအခြေခံထားတဲ့ပုံပါ
Supernatural ထဲက ဝံပုလွေဖြစ်သွားတဲ့မုဆိုး Garth ကဒီစီးရီးထဲမှာ အဓိကနေရာကပါဝင်သရုပ်ဆောင်ထားပါတယ်

0 comments:

Post a Comment