Swordfish (2001)

Rating : 6.5/10
Country : United State
Genre : Action, Crime, Thriller 
Cast : John Travolta, Hugh Jackman, Halle Berry               
Released Date : 2001
Duration : 1h 39min

၂၀၀၁ ထွက် အက်ရှင်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးမှာ လိုဂန် အဖြစ် လူသိများတဲ့ Hugh Jackman က ဟက်ကာ
တစ်ယောက်အဖြစ်ပါဝင်ထားပါတယ်။စတန်လီ ဂျော့ဘ်ဆန် (Hugh Jackman)
ဟာဆိုရင် FBI ရဲ့ ကွန်ပျုတာ စနစ်တစ်ခုကို ဗိုင်းရပ်စ် တစ်ခု နဲ့ ဖောက်ဝင်ပြီး
FBI ရဲ့ လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ နှောင့်နေးစေခဲ့ပါတယ်။ဒီအတွက် ကြောင့်ပဲ
ဆိုရင် အေးဂျင့်ရောဘတ် ဆိုသူရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ထောင် ၂ နှစ်ကျခဲ့ပါတယ်။
သူ့ရဲ့ ဇနီးဟောင်း မယ်လီဆာကလည်း သူ့ သမီးလေးကို စတန်လီနဲ့တွေ့ခွင့် ပိတ်ထားပါတယ်
တစ်ရက်မှာ သူ့ဆီကို ဂျင်ဂျာ လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရောက်လာပြီး ဂေဘရီရယ်လ်
ဆိုတဲ့ လူတစ်ယောက်အတွက် ဟက်ကင်း လုပ်ပေးဖို့ မြူဆွယ်ပါတယ်။ဒီလိုနဲ့ သူတို့
သဘောတူညီမှု့ရပြီး ဂေဘီရယ်လ် နဲ့တွေ့ကျတာပေါ့။ ဂေဘရီရယ်လ် က စတန်လီ ကို
အစိုးရငွေတွေကို ခိုးယူတဲ့ နေရာမှာ ကွန်ပျုတာ ထဲဖောက်ဝင်ခိုးယူပေးဖို့ ပြောပါတယ်။
သူကလဲ Black Cell ဆိုတဲ့ အဖွဲ့တစ်ခုကဖြစ်ကြောင်း သူတို့ အဖွဲ့ က အကြမ်းဖက်
သမားတွေကို တန်ပြန်တိုက်ခိုက်တာဖြစ်ကြောင်း သူတို့ အဖွဲ့ကို အစိုးရက မထောက်ပံ့တော့လို့
ခို်းယူရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့ ဂေဘရီရယ်လ် ဟာ အဖ်ဘီအိုင်ရဲ့ ခြေရာခံတာကို
ခံရပြီး သိသွားခဲ့လို့ Black Cell ခေါင်းဆောင်ဟာ ဂေဘရီရယ်လ် ကို အစီအစဉ် ရပ် ခိုင်းရာမှာ
မရပ်တဲ့ အတွက် ဂေဘရီရယ်လ် ကို သတ်ဖို့ လုပ်ပါတော့တယ်။ပိုက်ဆံတွေရပြီးမှ စတန်လီ
သိလာရတာက ဂေဘရီရယ်လ် ဆိုတာ နာမည်အတု သာဖြစ်ကြောင်းပါ။ ဂေဘရီရယ်လ် က ဘယ်သူလဲ
Black Cell ခေါင်းဆောင်ကကော သူ့ကို သတ်မှာလား …. ပိုက်ဆံတွေကို ခိုးယူကူတဲ့ စတန်လီတစ်ယောက်
ဘယ်လို ဆက်လုပ်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။

0 comments:

Post a Comment