Two Weeks (2013)

16 Episodes

Rating : 8.6/10
Country : South Korean
Genre : Action, Suspense, Thriller, Drama, Investigation
Cast : Lee Joon Gi, Park Ha Sun, Kim So Yeon, Ryu Soo Young

ပျိုမေတို့အသည်းစွဲ လီဂျွန်ကီရဲ့ လှုပ်လှုပ်ရှားရှား ၂၀၁၃ ခုနှစ်က ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ထယ်ဆန်းဟာ လူဆိုးဂိုဏ်းတစ်ခုမှာပါဝင်ပတ်သက်နေတဲ့လူတစ်ယောက်ပါ။ အင်ဟေးဆိုတဲ့အမျိုးသမီးလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီး သူမကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ အခြားလူတစ်ယောက် သတ်ထားတဲ့ လူသတ်မှုကို သူက ကိုယ်စားဝင်ခံရဖို့အခြေအနေတစ်ခုကြုံတွေ့လာရပါတယ်။ လူသတ်မှုကို သူကိုယ်စားအပြစ်မခံယူခဲ့ရင် အင်ဟေးကို သတ်ပစ်မယ်ဆိုတဲ့ခြိမ်းခြောက်မှုနဲ့ပါ။ ဒီလိုနဲ့ သူထောင်ကလွတ်လာတဲ့အခါ သူ့မှာသမီးလေးရှိနေခဲ့ပြီး သမီးလေးမှာ သွေးကင်ဆာရောဂါ ခံစားနေရတာကိုသိလိုက်ရတဲ့အခါ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့ အချိန်နှစ်ပတ်ပဲကျန်ပါတော့တယ်။ အဲဒီအချိန်မှာပဲ သူဟာ လူသတ်မှုတစ်ခုနဲ့ထပ်မံအဖမ်းခံလိုက်ရတဲ့အခါမှာတော့... အခုနောက်ပိုင်း သုံးပွင့်လေးပွင့်ဆိုင်တွေထပ်လာချိန်မှာ ဒီကားလေးကိုပြန်ကြည့်သင့်တဲ့စာရင်းထဲထည့်ကြည့်သင့်တယ်လို့ထင်ပါတယ်။ ချစ်ခြင်းမေတ္တာတွေ၊ အသက်လုရုန်းကန်လှုပ်ရှားမှုတွေနဲ့ ဇာတ်အိမ်အချိုးအပြောင်းတွေကြောင့် ပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်လမ်းတွဲလေးဖြစ်တာမို့ အခုပဲကြည့်လိုက်ရအောင်ပါ။

0 comments:

Post a Comment