The Purge: Election Year (2016)

Rating : 6.0/10
Country : United State
Genre :  Action, Horror, Sci-Fi 
Cast :  Frank Grillo, Elizabeth Mitchell, Mykelti Williamson
Released Date : 2016
Duration :  1h 48min 

Purge ကတော့ လူတိုင်းနဲ့ရင်းနှီးနေပြီးသားကားဖြစ်မှာပါ…ဒီကားထဲမှာအရက်စက်ဆုံးလူသတ်မှု့တွေနဲ့ လူသားအချင်းချင်းသုတ်သင်ရှင်းလင်းကြတာကိုမြင်ရမှာပဲဖြစ်ပါတယ်…ဇာတ်လမ်းရဲ့အကြောင်းကိုပြောပြရမယ်ဆိုရင်….
အမေရိကန်အစိုးရဟာ နှစ်စဉ်နှစ်တိုင်းMarch လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုအစဉ်မြဲကျင့်သုံးလာခဲ့ပါတယ်…ဒါကို သန့်စင်ရှင်းလင်းတဲ့လုပ်ရပ်လို့လည်း နာမည်တပ်ထားကြပါတယ်…ဒီလိုသန့်စင်ရှင်းလင်းမှု့တွေကို ရှုံ့ချတဲ့ သူကတော့သမ္ပတအဖြစ်အရွေးခံမယ့်အမျိုးသမီး အမတ်လောင်း Roan ပဲဖြစ်ပါတယ်…ဘာလို့လဲဆိုတော့ အဲ့ဒီသုတ်သင်ရေးပွဲတော်မှာ သူမမိသားစုဝင်တွေပါစတေးခံခဲ့ရလို့ဖြစ်ပါတယ်….ဒါကြောင့် သူမသမ္ပတလောင်းအဖြစ်ရပ်တည်လာမယ့်သက်တမ်းတစ်လျောက်မှာတော့ သူမဟာဒီသုတ်သင်ရေးပွဲတော်ညကိုတခြားပြိုင်ဘက်အမတ်နဲ့ ယှဉ်ပြိုင်ပြီး ဆန့်ကျင်ခဲ့ပါတယ်…..ကောင်းတာလုပ်ရင်လူမုန်းများလာသလို သူမအတွက်လည်းလုပ်ရိုးအစဉ်လာဖြစ်တဲ့ဒီသုတ်သင်ရေးပွဲတော်ကိုဆန့်ကျင်တဲ့အတွက်အန္တရာယ်ကပိုပြီးတော့ များပြားလာခဲ့ပါတယ်…ဒါကြောင့် ဒီသုတ်သင်ရေးညမှာသူမတစ်ယောက်အန္တရာယ်ကင်းအောင်နေထိုင်ရမှာဖြစ်ပြီး ကျင်းပမယ့်ရွေးကောက်ပွဲမှာအနိုင်ရအောင်ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်…..ဒီလို ရက်ရက်စက်စက်သုတ်သင်ရှင်းလင်းရေးတွေလုပ်နေတဲ့ လူသတ်ညမျိုးမှာသူမတစ်ယောက်အသက်ရှင်နိုင်မလား…..ဘယ်လိုအန္တရာယ်မျိုးတွေကျရောက်လာနိုင်မလဲ…..သူမကို သူမရဲ့ကိုယ်ရံတော်ကဘယ်လိုနည်းတွေနဲ့ကာကွယ်မလဲဆိုတာကိုသည်းထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်…..

0 comments:

Post a Comment