The First Purge (2018)

Rating : 5.1/10
Country : United State
Genre :  Action, Horror, Sci-Fi 
Cast : Y'lan Noel, Lex Scott Davis, Joivan Wade
Released Date : 2018
Duration :  1h 38min 

ဒီဇာတ်ကားက The Purge ဇာတ်ကားတွေရဲ့ မူလအစ Prequel ကားတစ်ကားပဲဖြစ်ပါတယ်။The Purge ကားတွေကိုတော့ မြန်မာပရိသတ်တွေသိပ်ပြီးစိမ်းကြမယ်မထင်လို့ အထူးတလည်မိတ်ဆက်ပေးမနေတော့ပါဘူး။ဒီဇာတ်ကားမှာတော့ ရှေ့ကထွက်ခဲ့တဲ့ဇာတ်ကားတွေထဲက Purge လို့ခေါ်တဲ့ပွဲကြီး ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ပြသထားပါတယ်။ဒီဇာတ်လမ်းကိုရေးသားသူကတော့ ရှေ့ကားတွေကို ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ James Demonaco ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးလိုစိတ်မရှိတာကြောင့် Gerard McMurray ဆိုတဲ့ဒါရိုက်တာကိုရိုက်ကူးခွင့်ပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ လူဦးရေအရမ်းကိုအဆမတန်ထူထပ်များပြားလာတာကြောင့် စီးပွားပျက်ကပ်ဆိုက်နေတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။
အာဏာပိုင်တွေအနေနဲ့ ထိုပြဿနာကြီးကို ကိုယ်တွယ်ရာမှာ တိုးတက်ကောင်းမွန်လာတယ်လို့မရှိဘဲ ကြာလာတာနဲ့ ကြွေးမြှီတွေက လည်ပင်းအထိနစ်လာပါတော့တယ်။အဲဒီလိုကြံရာမရဖြစ်နေတဲ့အဆုံး နောက်ဆုံးနည်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အဲဒီနောက်ဆုံးနည်းဆိုတာကတော့ လူဦးရေကိုလျှော့ချပစ်တဲ့နည်းပါ။Purge လို့လူအများခေါ်တွင်ကြတဲ့နည်းလမ်းကိုသုံးပြီး လူဦးရေကိုလျှော့ချပစ်တာပဲဖြစ်ပါတယ်။Purge ဆိုတာကတော့ သတ်မှတ်ထားတဲ့ညတစ်ညမှာ ကြိုက်တဲ့ရာဇဝတ်မှုကို ကြိုက်သလိုကျူးလွန်နိုင်တဲ့ပွဲကြီးပါပဲ။အဲဒီပွဲကြီးကိုအခွင့်ကောင်းယူပြီး လူသတ်ပြီး လုယက်ကြမယ့်လူတွေကလည်း မနည်းပါဘူး။အာဏာပိုင်တွေကတော့ အဲဒီပွဲကိုကိုယ်တိုင်ဦးစီးပြီး တရားဝင်အဖြစ်ကြေငြာထားပါတယ်။အဲဒီဒဏ်ကိုပထမဆုံးခံရတာကတော့ Staten Island လို့ခေါ်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူမည်းတွေအများစုနေထိုင်တဲ့ မြို့ပါပဲ။အစိုးရကိုယ်တိုင်က လူဦးရေလျှော့ချချင်တဲ့အကြံကြီးနဲ့ မင်းမဲ့တိုင်းပြည်လို လူကြိုက်သလောက်သတ် ကြိုက်တာလုပ်ခွင့်ပေးထားတဲ့တစ်ညတာကို အဲဒီမြို့လေးရှင်သန်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

0 comments:

Post a Comment