Rating : 5.1/10
Country : China
Genre : Animation, Action, Comedy
Cast : Karen Strassman, Monsieur Poulpe, Davy Mourier
Released Date : 2019
Duration : 1h 39min
Country : China
Genre : Animation, Action, Comedy
Cast : Karen Strassman, Monsieur Poulpe, Davy Mourier
Released Date : 2019
Duration : 1h 39min
ဒီကားလေးမှာ Vladimir ဆိုတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ခက်ခဲစွာဖြေရှင်းမှုကို ကြည့်ရှုရမှာပါ။
Vladimir ဟာ အလွန်တော်တဲ့ အေးဂျင့်ဖြစ်သော်လည်း စိတ်ကို မထိန်းချုပ်ပဲ အလွန်အကြူး လုပ်ကိုင်လေ့ရှိပါတယ်။
တာဝန်ထမ်းဆောင်နေစဥ် ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကြောင့် အထက်လူကြီးတွေက သမုဒ္ဒရာထဲက တံတားတစ်ခုကို အလုပ်ပြောင်းပေးလိုက်ပါတယ်။
အဲ့ဒီမှာ Hector ဆိုတဲ့ IT အေးဂျင့် တစ်ယောက်နဲ့ တွေ့ကြုံရပါတော့တယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့ Vladimir ဟာ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။
တစ်ရက်မှာ သူတို့ စောင့်ကြည့်နေတဲ့ တံတားက ပစ္စည်း တစ်ခုကို တိုက်ခိုက်ရေးသမားတွေက ခိုးယူသွားခဲ့ပါတယ်။
ထိုပစ္စည်းက အရေးကြီး လျှို့ဝှက်လက်နက် ဖြစ်နေတဲ့အခါ…. မတည့်အတူနေ နှစ်ယောက် ထိုပစ္စည်းကို ပြန်ရှာနိုင်ပါ့မလား။
နောက်ကွယ်က ကြိုးကိုင်သူကိုရော ဖမ်းမိပါ့မလား။ ဘယ်လို အန္တရယ်တွေ ဘယ်လိုလူမျိူးတွေနဲ့ တွေ့ရမလဲ ဆိုတာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ…

0 comments:
Post a Comment