Jawaani Jaaneman (2020)

Rating : 7.1/10
Country : India
Genre :  Comedy 
Cast : Saif Ali Khan, Tabu, Alaya Furniturewala 
Released Date : 2020
Duration : 1h 59min

ခုတစ်ဖန် တင်ဆက်မှာကတော့… ဘောလိဝုဒ် မိသားစုဒရာမာကို ဟာသလေးတွေနဲ့ ကြည့်ရှုရမှာပါ။မင်းသားကြီးကလည်း လူတိုင်းသိပြီးသား ဖြစ်ပြီး မင်းသမီးချောလေးတွေလည်း ပါနေပါသေးတယ်နော်။ဇာတ်လမ်းအကျဉ်းကတော့… ဟိုးရှေးရှေးတုန်းက စော်ကြည်ဘဲ တစ်ယောက် ရှိသတဲ့ပေါ့။
ခုခေတ်အခေါ် စားဘဲကြီးပေါ့။ စားဘဲကြီးဆိုတဲ့ ဂုဏ်ပုဒ်ကလည်း လွယ်လွယ်ရရိုးလား။မနက်ဆို ၁၂နာရီမှ အိပ်ယာထ၊ ရုံးကို ၃နာရီလာ၊ ညနေ ၅နာရီရုံးဆင်း၊ ညဘက်ဆို ကလပ်တက်၊ စော်တွေနဲ့ ဇာတ်လမ်းဖြစ်။သူ့အလုပ်ကတော့ အိမ်ခြံမြေအကျိူးဆောင် ပွဲစားပေါ့။ ဒီလိုနဲ့ သူ့အရွယ်က အိမ်ထောင်ပြုသင့်နေပြီလို့ မိသားစုက ဖျောင်းဖျကြတယ်။လောကမှာ ဘာအကြောက်ဆုံးလဲလို့ မေးရင် မိန်းမယူ၊ ကလေးမွေးပဲ။ သူ့ခံယူချက်က ရှိသေးတယ်။ ဘာတဲ့။အိမ်ထောင်ဘဝဆိုတာ ယောက်ျားတွေကို ကျရှုံးစေတဲ့ အရာတဲ့ဗျ။စော်တွေကို ထည်လဲတွဲနေတဲ့ ဘဲကြီးကတော့ မိန်းမယူစရာမှ မလိုတာ။တနေ့တော့ မိန်းကလေးချောချောလေးတစ်ယောက်ကို ဘားမှာတွေ့တော့ ထုံးစံအတိုင်း ဘဲကြီးက သွားရည်ယိုတာပေါ့။ကောင်မလေးက ပြောရှာတယ်။ သူနဲ့ စကားပြောချင်လို့တဲ့။အဲ့ဒီမှာ စော်တွေ့တိုင်း ခေါ်နေကျသူ့အိမ်ကို ခေါ်သွားတော့… ကောင်မလေးက စကားတစ်ခွန်းဆိုပါတယ်။အဲ့ဒါကတော့…. လူပျိုကြီး ကြက်သီးမွှေးညှင်းထစရာ အကြောင်းတစ်ခုဖြစ်ပြီး……… ကဲ ကိုယ်တိုင်သာ ခံစားကြည့်ပါတော့ဗျာ။စပွိုင်လာမမိအောင် အညွှန်းရေးထားပေမဲ့ အညွန်းမျိုးစုံဖတ်ထားကြသူအဖို့တော့ စပွိုင်းခံထားရတာ စိတ်မကောင်းစရာပါ။

0 comments:

Post a Comment