Snow in Sea Breeze (2015)

Rating : 6.5/10
Country : Korea
Genre : Drama, Romance 
Cast : Pyun Bo-Seung, Oh Eun-Ho, Mu-song Jeon   
Released Date : 2015
Duration : 1h 48min 

နှင်းရိပ်အုံ့မှိုင်း မြူတွေဆိုင်းနေတဲ့ ညတစ်ညမှာ ဆွန်မီဆိုတဲ့ကောင်မလေးဟာ သူ့မှာသွေးဖြူဥဆဲလ်ပုံစံပြောင်းရောဂါရှိနေမှန်းစတင်သိခဲ့ရပါတယ်…အချိန်တွေကြာပြီးတဲ့နောက်မှာ ဆွန်းမီတစ်ယောက် နာကျင်မှုတွေကိုကျော်လွှားခဲ့ပြီး
အရွယ်ရောက်တဲ့လူသားအဖြစ်နဲ့ လောကကြီးကိုစတင်ရင်ဆိုင်ပြီး ရေမွှေးပညာရှင်အဖြစ်နဲ့ ရပ်တည်ဖို့ကြိုးစားနေခဲ့တယ် ၊တစ်နေ့မှာ ငါးပြတိုက်မှုးအနေနဲ့အလုပ်လုပ်တဲ့ ဆွန်းဝူးဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံတယ်
သူ့ရဲ့လက်က အနံ့ အထိအတွေ့က ဆုံးပါးသွားတဲ့သူ့အဖေနဲ့အရမ်းတူတာကြောင့် နွေးထွေးမှုတစ်ခုကိုပြန်ခံစားရပြီး စွဲလမ်းလာခဲ့ပြန်တယ် ၊
နောက်ပိုင်းမှာတော့သံယောဇဉ်ရှိလာ လက်ထပ်ဖို့အထိဖြစ်လာပါတယ် ။ဒါပေမယ့်သူမရဲ့ရောဂါအခြေအနေကြောင့် မိဘတွေကသဘောမတူနိုင်ခဲ့ပါဘူး…
သူမရဲ့ရောဂါအခြေအနေက ရှေ့ဆက်ဖို့အဟန့်အတားဖြစ်လာတဲ့အခါမှာ ရောဂါကိုကုဖို့
နှစ်ယောက်ရင်ဆိုင်ကြရတဲ့အဖြစ်အပျက်တွေကိုကြည့်ရှုရမှာပါ ။နာတာရှည်ခံစားနေရတဲ့သူအတွက် ဘေးကဖေးမပေးမဲ့သူကဘယ်လောက်အရေးကြီးတယ်ဆိုတာ ခံစားဖူးတဲ့သူတွေမှသာသိနိုင်တဲ့အရာမျိုးပါ….ဒီကားမှာအဲဒီခံစားချက်မျိုးကိုတွေ့ရပါလိမ့်မယ် ၊ တော်ရုံမခံစားတတ်တဲ့သူတွေတောင် တစ်ခုခုတာ့ခံစားမိပြီး ၊
သေချာတာကတော့ ရင်ထဲမှာတစ်ခုခုကျန်ခဲ့မှာပါ…Castတွေအနေနဲ့ကတော့
cheese in the trapထဲက မင်းသား Park-Hae-Jin နဲ့
Vampire prosecutor ထဲက မင်းသမီး Lee-Young-Ah တို့ကပါဝင်ထားပါတယ် ။IMDb ratingအနေနဲ့ကတော့ 6.5/10ရရှိထားပါတယ် ။

0 comments:

Post a Comment