Horrible Bosses (2011)

Rating : 6.9/10
Country : United State
Genre :  Comedy, Crime
Cast :   Jason Bateman, Charlie Day, Jason Sudeiki
Released Date : 2011
Duration :  1h 38min 

ဟာသကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်HORRIBLE BOSSESS ဆိုတဲ့ မှုခင်း ဟာသကားလေး 1 နဲ့ ၂ ကို တင်ဆက်ပေးလိုက်ပါတယ်…နစ်ခ် ကာ့တ် နဲ့ ဒေးလ် ဆိုတဲ့ သူငယ်ချင်း သုံးယောက်ရှိကြပါတယ်…သူတို့က မတူညီတဲ့ ပတ်ဝန်းကျင်း တစ်ခုစီမှာ ကိုယ်ပိုင်ရာထူးတစ်ခုစီနဲ့အလုပ်လုပ်နေကြပေမယ့် သူတို့ရဲ့ အလုပ်မှာ အလုပ်ကြိုးစားကြပေမယ့်အဆင်မပြေကြတဲ့ သူတွေပေါ့အဓိကအကြောင်းကတော့ဆိုးရွားတဲ့ အလုပ်ရှင်တွေကြောင့်ပါပဲနစ်ခ်တော့ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပြီးတော့ သူအလုပ်ကြိုးစားပေမယ့် အကျင့်မကောင်းတဲ့အလုပ်ရှင်ကြောင့် အမြဲတမ်း အညစ်ခံနေရသူပါကာ့တ် ကတော့ အလုပ်ရှင်ရ ကံကောင်းခဲ့ပေမယ့် ကံမကောင်းစွာပဲသဘောကောင်းတဲ့ အလုပ်ရှင် သေဆုံးခဲ့ပြီး အလုပ်ရှင်သား ဆေးသမားကသူ့အထက်လူကြီး ဖြစ်လာခဲ့ပါတယ်ဒေးလ် ဆိုတဲ့ သွားဆရာဝန်လက်ထောက်ကလေးကတော့ သူအလုပ်လုပ်နေတဲ့ သွားဆေးခန်းမှာသွားဆရာဝန်မ ရဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုကို ခံနေရတဲ့သူပေါ့..သူကတော့ ချစ်သူအပေါ် သစ္စာရှိချင်သူဆိုတော့ သူ့အတွက် ဒုက္ခဖြစ်လာခဲ့တယ်ပြဿနာပေါင်းစုံနဲ့ သူငယ်ချင်းသုံးယောက်ဟာ နောက်ဆုံးမှာတော့အလုပ်ရှင်တွေကို သတ်ဖို့ ကြိုးစားကြပါတော့တယ်…ရယ်မောစရာ နဲ့ ရင်ထိတ်စရာ မှုခင်းဟာသကားဖြစ်ပြီးညစ်ညမ်းတဲ့ဟာသစကားလုံးတွေပါလို့ ကလေးသူငယ်တွေ ဒီနေရာက နောက်ပြန်လှည့်ပါ။

0 comments:

Post a Comment